ဆိုင်းဘုတ် ပုံစံအသစ်နဲ့ ထားဝယ်မြို့က ကြို

0
1003

ရန်ကုန်-ထားဝယ် ကားလမ်းပိုင်း ပေါ်က ထားဝယ်မြို့ အဝင်မှာ စိတ်ကူး အသစ် ပုံစံအသစ်နဲ့ ခရီးသည်တွေကို ကြိုဆိုတဲ့ဆိုင်းဘုတ်ကို အောက်တိုဘာ လ ၂၀ရက်က ဖွင့်လှစ်လိုက်ပါတယ်။

မြို့အင်္ဂါရပ် ဖွံ့ဖြိုးစေဖို့နဲ့ ထားဝယ် ကိုလာရောက်တဲ့ ဧည့်သည်တွေ အမြင် ဆန်းသစ်စေဖို့ ရည်ရွယ်ပြီး သပြေချောင်း ရွာအနီး ကားလမ်းနံဘေးမှာ Welcome To Dawei ဆိုတဲ့ စာသားတွေကို ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

” ထားဝယ်လာမယ့် ဧည့်သည်တွေ အမြင်ဆန်းသစ်စေဖို့ ခရီးသွားရာသီ အမီပေါ့” လို့ လမ်းဦးစီးဌာနက တိုင်းဒေ သကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောပါတယ်။

အဲဒီ စာလုံးတွေဟာ အမြင့် ၄ ပေရှိပြီး စတီး၊ အရောင်ပြန်ကပ်လွှာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လာမယ့် နှစ်မှာလည်း မြိတ်နဲ့ ကော့သောင်းမြို့ တွေမှာ အခုလို ဆိုင်းဘုတ်ကို ဆောက် လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။