ပြည်ကြီးမဏ္ဍိုင်တွင် ကားနှင့် ဆိုင်ကယ်တိုက်၊ တစ်ဦးပွဲချင်းပြီး သေဆုံး

0
375

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင် မြို့၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၂၀ ရက် နံနက်က ကားနှင့် ဆိုင်ကယ်မျက်နှာ ချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်ကြီးမဏ္ဍိုင် နယ်မြေရဲစခန်းထံမှ သိရသည်။

တနင်္သာရီမြို့မှ ကော့သောင်းသို့ ပြည်ထောင်စု လမ်းမကြီးအတိုင်း ကုန် ပစ္စည်းများ တင်ဆောင်ပြီး မောင်း လာသည့် မော်တော်ကားနှင့် ဆိုင်ကယ် တစ်စီး မျက်နှာချင်းတိုက်မိခဲ့ကာ ဆိုင် ကယ်မောင်းသူမှာ ဦးခေါင်းကွဲအက်ကာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီ သေ ဆုံးခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုအား ပြည်ကြီး မဏ္ဍိုင်နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။