ဆေးပေါ့လိပ်ထုပ်တွင် အခွန်တံဆိပ်ခေါင်း မပါက အရေးယူတော့မည်ဟုဆို

0
352

အခွန်အမှတ်တံဆိပ် ကပ်ထားခြင်း မရှိသည့် ဆေးပေါ့လိပ် ရောင်းချသူများ ကို မကြာမီ အရေးယူတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ဆေးပေါ့လိပ် အလိပ်ရေ ၅၀ ပါ သည့် အထုပ်များတွင် အခွန်အမှတ် တံဆိပ်ကပ်ရမည်ဖြစ်ပြီး အခွန်တံဆိပ် ခေါင်း ကပ်ထားခြင်း မရှိပါက အထူး ကုန်စည်ခွန်ဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။” အခွန်အမှတ်တံဆိပ်မပါရင် ဖမ်း မှာ၊ ဖမ်းမယ့်ဟာအတွက် အဖွဲ့ဖွဲ့ထားပြီး ပြီ” ဟု ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ရဲထွန်း က ပြောသည်။

ဆေးပေါ့လိပ်အထုပ်များတွင် အခွန်တံဆိပ်ခေါင်းကပ်ပြီးမှသာ ရောင်း ချကြရန် ညွှန်ကြားထားပြီး တိုင်းအတွင်း အခွန်တံဆိပ်ခေါင်း လာရောက်ထုတ်ယူ သည့် ဆေးပေါ့လိပ်လုပ်ငန်း မရှိသေး ကြောင်း အထက်ပါရုံးထံမှ သိရသည်။အခွန်တံဆိပ်ခေါင်းမရှိသည့် ဆေးပေါ့လိပ်အထုပ်များ စစ်ဆေး တွေ့ ရှိပါက လက်ဝယ်တွေ့ရှိသူကို တန်ဖိုး ၏ ၁၀၀ ရာခိုင်နှုန်းနှင့် ထုတ်လုပ်သူကို တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဒဏ်တပ်ရိုက် မည်ဖြစ်ကာ ပစ္စည်းကိုလည်း သိမ်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့တွင် ရောင်းချနေသည့် ဆေးပေါ့လိပ်အများစုကို အခြားတိုင်း၊ ပြည်နယ်များမှ တင်သွင်းရောင်းချကြပြီး လက်ရှိအချိန်ထိ အခွန်တံဆိပ် ကပ် ထားခြင်း မရှိသေးကြောင်း ဆေးပေါ့ လိပ် ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုမှ ပိုင်ရှင်ဖြစ်သူက ဆိုသည်။

“နောက်အပတ်လောက်ဆို အခွန် တံဆိပ်ကပ်ထားတဲ့ ဆေးလိပ်ထုပ်တွေ ရောက်လာတော့မယ်” ဟု အဆိုပါ လုပ် ငန်းရှင်က ပြောသည်။
ဆေးပေါ့လိပ်အထုပ်များတွင် အခွန်တံဆိပ်ခေါင်းကပ်ရန် အခွန်အမှတ် တံဆိပ် လိုအပ်ပါက သက်ဆိုင်ရာမြို့ နယ်များရှိ ပြည်တွင်း အခွန်ရုံးများကို ဆက်သွယ်နိုင်ကြောင်း သိရသည်။