မော်လမြိုင် သံလွင်ငါးဈေးပြောင်းရွှေ့ရန် စီစဉ်ပြန်

0
561

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်ငါးဈေးကို ရပ်ကွက်နေပြည်သူလူထုများ၏ ဆန္ဒ အတိုင်း နေရာပြောင်းရွှေ့ရန် ပြည်နယ် အစိုးရက စီစဉ်လျက်ရှိသည်ဟု ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ကနဦးက အဆိုပါ ငါးဈေးကို ကျောက်တန်းစက်ရုံစုမြေသို့ ပြောင်း ရွှေ့ရန် စီစဉ်ထားသော်လည်း မြေနေရာ အရှုပ်အရှင်းရှိနေသောကြောင့်ဟုဆိုကာ မပြောင်းရွှေ့ဘဲ လက်ရှိဈေးကို အဆင့် မြှင့်တင်ရန် စီစဉ်ခဲ့သည်။

သို့သော် ရပ်ကွက်နေပြည်သူများ က ပြောင်းရွှေ့စေလိုပြီး ယင်းဈေးသည် ရပ်ကွက်အတွင်းထားရန် မသင့်တော် သည့်အတွက် အခြားတစ်နေရာဖြစ်သည့် မုပွန်ရပ်ကွက် ကျောက်မီးသွေးရုံနေရာရှိ မီးရထားဌာနပိုင် မြေနေရာသို့ ပြောင်း ရွှေ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။”မြေနေရာရရှိဖို့အတွက် ပြည်ထောင်စု ကို တောင်းခံထားတယ်၊ ပြည်ထောင်စု ကလည်း ပေးမယ်လို့ ပြောထားပြီးပြီ၊ ပြည်ထောင်စုကခွင့်ပြုရတာနဲ့ ချက်ချင်း အကောင်အထည် ဖော်မယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

သံလွင်ဈေးမှ ထွက်သည့် ငါးညှီ ပုပ်နံ့များသည် ပတ်ဝန်းကျင်နေရပ်ကွက် ပြည်သူများ၏ ကျန်းမာရေးကိုထိခိုက် နေသည့်အပြင် ဆယ့်နှစ်ဘီးတပ် ငါးပုံး တင် ကုန်ကားကြီးများ အချိန်ပြည့် ဝင်ထွက်သွားလာနေသဖြင့် ရပ်ကွက်နေ ပြည်သူတို့က အဆိုပါ ငါးဈေးကို ပြောင်းရွှေ့ ပေးရန် ယခင်အစိုးရ လက်ထက်ကတည်း က တောင်းဆို တိုင်ကြားခဲ့ကြသည်။

” ရပ်ကွက်နေ ပြည်သူတွေကတော့ ငါးဒိုင်ကထွက်တဲ့ အနံ့ဆိုးတွေကို နေ့ တိုင်း ခံစားနေရတယ်ဗျာ၊ ညဆိုရင် လည်း တစ်ညလုံးငါးတွေတင် ချလုပ်၊ မနက်ဆို ကားလမ်းက ပိတ်၊ ဒါရပ်ကွက် က နေ့စဉ် ခံစားနေရတာတွေပါ၊ ရပ်ကွက် နေ ပြည်သူတွေရဲ့ဆန္ဒကတော့ အနံ့ အသက်ဒဏ် မခံနိုင်ကြတော့လို့၊ ဒီ ငါးဒိုင် တွေကို ပြောင်းစေချင်တယ်” ဟု ဘိုကုန်း ရပ်ကွက်နေ ဦးတင်ထွန်းက ပြောသည်။

သံလွင်ဈေးကို ၁၉၈၉ ခုနှစ်ကကုန်ခြောက်မျိုးစုံရောင်းချရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၆ ပေ ပတ်လည်ဆိုင်ခန်းများ ပြုလုပ်ကာ ဈေးစတင်ရောင်းချခဲ့သော်လည်း နောက် ပိုင်းတွင် အဆိုပါ ၆ ပေပတ်လည် ဆိုင်ခန်းများကိုဖျက်ပြီး ငါးဈေး ဒိုင်အဖြစ် ယနေ့အထိပြောင်းလဲ အသုံး ပြုခဲ့သည်။