မောတောင်နယ်စပ်တွင် လူငယ် နှစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၇၀၀ ကျော်ဖမ်းမိ

0
481

တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်စစ်ဆေးရေးဂိတ်အနီး တွင် အောက်တိုဘာလ ၁၀ ရက် ည ၁၀ နာရီခွဲအချိန်က မသင်္ကာဖွယ်ရာ လူငယ် နှစ်ဦးထံမှ WY စာတန်းပါ စိတ်ကြွ ဆေးပြား၁၇၀၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မောတောင်နယ်စပ်ဂိတ်အနီး သတင်းအရ စောင့်ဆိုင်းနေစဉ် ဆိုင် ကယ်တစ်စီးနှင့် လူငယ်နှစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိသောကြောင့် ခေါ်ယူစစ်ဆေးစဉ် ၎င်းတို့၏ ကျောပိုး အိတ်အတွင်းမှ WYစာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၇၁၄ ပြား တန်ဖိုး ငွေကျပ်(ဒေသပေါက်ဈေး) ၈၅ သိန်း ကျော်နှင့် ဖုန်း ၂ လုံး အပါအဝင် ဆိုင်ကယ် တစ်စီးတို့အား သိမ်း ဆည်းရ မိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ် ဆေးဝါးများအား လက်ဝယ်ထားရှိ ပူးပေါင်းရောင်းချသူ အဆိုပါ လူငယ် နှစ်ဦးအား မောတောင်နယ် မြေရဲစခန်းမှ မူး^စိတ်ပုဒ်မ ၁၅ / ၁၉(က) / ၂၁ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။