တနင်္သာရီတိုင်းတွင် အခွန်တံဆိပ်မကပ်သည့် အရက်၊ စီးကရက်၊ ဝိုင် အမျိုးမျိုးဖမ်းရန် အသင့်ပြင်

0
416

တိုင်းအတွင်း အခွန်တံဆိပ်ခေါင်းမ ကပ်ထားခြင်း မရှိသည့် အရက်၊ စီးက ရက်နှင့် ဝိုင်အမျိုးမျိုးကို ရှာဖွေဖမ်းဆီး ရန် မြို့နယ်အလိုက် အဖွဲ့များကို စက်တင်ဘာလ လဆန်းပိုင်းက ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်တွင်းအခွန်များ ဦးစီး ဌာနထံမှ သိရသည်။
အထူးကုန်စည် အမျိုးအစားထဲတွင် ပါဝင်သည့် အဆိုပါ အရက်၊ စီးကရက် နှင့် ဝိုင်အမျိုးမျိုးကို အခွန်အမှတ်တံဆိပ် မကပ်ထားခြင်းနှင့် တရားမဝင်တင် သွင်းထားသည့် ဘီယာအမျိုးမျိုးကို ရှာဖွေသိမ်းဆည်းအရေးယူရန် သက် ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူး ပါဝင် သည့် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း ထားကြောင်း တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ဆိုသည်။

“မြို့နယ်တွေကို အသင့်အနေအ ထားဖြစ်အောင် ဖွဲ့ခိုင်းထားတယ်၊ ညွှန် ကြားစာရောက်ပြီဆိုရင် ချက်ချင်းအရေး ယူနိုင်ပါပြီ”ဟု ဒုတိယညွှန်ကြားရေးဦး လေးမောင်က ဆိုသည်။
သို့ရာတွင် ရှာဖွေဖမ်းဆီးပြီး အရေး ယူမှုများ လုပ်ဆောင်ရေးနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၉ ရက် ညနေ ၃နာရီ အထိရုံးချုပ်မှ တရားဝင်ညွှန်ကြားချက် ရောက်မလာသေးကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးလေးမောင်က ပြောသည်။

အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် အရက်၊ စီးကရက်နှင့် ဝိုင် အမျိုးမျိုးနှင့် တရားမဝင် တင်သွင်းထား သည့် ဘီယာများကို ရှာဖွေသိမ်းဆည်း ကာ အရေးယူမည်ဖြစ်ကြောင်း စက်တင် ဘာလ ၁၈ ရက်က နိုင်ငံတော် ပြန်တမ်း တွင် တရားဝင် ထုတ်ပြန်ထားသည်။
ယင်းသို့ ဈေးကွက်အတွင်း ရှာဖွေ ဖမ်းဆီးသကဲ့သို့ တိုင်းအတွင်းသို့ ဝင် ရောက်လာသည့် ဝင်ပေါက်များကို လည်းသေသေချာချာ ကြပ်မတ်စစ်ဆေး ရန် လိုအပ်မည်ဖြစ်ကြောင်း ထားဝယ် မြို့ရှိ အရက်၊ ဘီယာ လက်လီလက်ကား ရောင်းချနေသည့် အသက် ၅၅ နှစ် အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ဈေးကွက်ထဲမှာ ရောက်နေတယ် ဆိုကတည်းက ဝင်ဖို့ လွယ်နေလို့ ရောက် လာနေတာ၊ ဒါကိုကြပ်မတ်နိုင်ဖို့ လို တယ်”ဟု အဆိုပါ စီးပွားရေးလုပ်ငန်း ရှင်က ပြောသည်။

အခွန်တံဆိပ် မကပ်သည့် အဆိုပါ ပစ္စည်းများနှင့် တရားမဝင် တင်သွင်း ထားသည့် ဘီယာများကို ဝယ်ယူရောင်း ချကြောင်း စစ်ဆေးတွေ့ရှိပါက အထူး ကုန်စည်ခွန် ဥပဒေနှင့် အညီပစ္စည်းများ သိမ်းဆည်းမည့်အပြင် ရောင်းချသူအနေနှင့် သိမ်းဆည်းခံရသည့် ကုန်ပစ္စည်းတန်ဖိုး ၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဟု အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သစ်လုံး၊ သစ်ခွဲသား၊ စီးကရက် အမျိုးမျိုး၊ အရက်၊ ကျောက်စိမ်း၊ နီလာ အစရှိသည့် ပစ္စည်းအမျိုးအစား ၁၇ မျိုးကို အထူးကုန်စည်ခွန် အုပ်စုတွင် အကျုံးဝင်ပြီး ပစ္စည်းအမျိုးအစား အပေါ် မူတည်ကာ ၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အခွန် ကောက်ခံသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် တိုင်းအတွင်း အထူးကုန်စည်ခွန် ငွေကျပ် ၂၆၈၄.၉၃၂ သန်းရရှိခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။
ယင်းပစ္စည်းများ အခွန်တံဆိပ် ခေါင်းမကပ်ဘဲ ရောင်းချသည်ကို သတင်း ပေးတိုင်ကြားသူကို ဒဏ်ကြေး ကောက်ခံ ရရှိသည့် ပမာဏ၏ ၂၀ ရာခိုင် နှုန်းနှင့် ဖမ်းဆီးပေးသည့်အဖွဲ့ကို ၃၀ ရာခိုင်နှုန်း ဆုကြေးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု အခွန်ကောက်ဥပဒေတွင် ဖော်ပြထား သည်။