ကြက်မွေးမြူရေးဇုန်အတွက် ပခပ်ရွာအနီး မြေနေရာကို ကနဦး ရွေးချယ်

0
429

ထားဝယ်မြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံများကို လူနေအိမ် များနှင့် အလှမ်းဝေးသည့် နေရာတွင် ဇုန်အဖြစ်သတ်မှတ်ပြီး နေရာ ချထား ရန်အတွက် ပခပ်ကျေးရွာအနီးရှိ မြေနေရာကို အကြမ်းဖျင်း ရွေးချယ်ထား ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက ပြောကြားသည်။

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာ အုပ်စု၊ ပခပ်ကျေးရွာအနီးရှိ မြေဧက ၄၀၀ ခန့် အကျယ်ရှိသည့် မြေနေရာကို အကြမ်းဖျင်း ရွေးချယ်ထားပြီး မည်ကဲ့သို့ လုပ်ဆောင်မည်ကို စီမံချက် ထပ်မံရေးဆွဲ ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။
ထားဝယ်မြို့အတွင်းရှိ ကြက်ခြံ အများစုမှာ စာသင်ကျောင်းများ၊ လူနေ အိမ်များနှင့် နီးကပ်စွာ တည်ရှိနေမှုများ ကြောင့် လူထုကြား ဝေဖန်မှုများ ရှိသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် အပြင်းစားကြက်ငှက်တုပ်ကွေးH5N1 ဖြစ်ပွားပြီးနောက် ကြက်မွေးမြူရေးဇုန် တည်ထောင်ရန် တိုင်းအစိုးရက စီစဉ် လာခြင်းဖြစ်သည်။