တောကောင်တွေရဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်များ

0
529

သက်ရှိတိုင်းတွင် ခံစားတတ်သော နှလုံး သားရှိပါသည်။ ခံစားတတ်သည့် နှလုံး သားများရှိသည်နှင့်အညီ ဘ၀တွင် နာ ကျင်ရသည့် အခိုက်အတန့်များကြောင့် လည်း စိတ်ဒဏ်ရာရမှုများ ရှိတတ်ကြ သည်။
သို့သော် ကျွန်တော်တို့သည် လူသား ၏ ခံစားမှု၊ စိတ်ဒဏ်ရာရမှုတို့ကိုသာ အလေးထားလေ့ရှိပြီး တိရစ္ဆာန်များ၏ ခံစားမှု၊ စိတ်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး လျစ်လျူရှုတတ်ကြ၊ အမှုမဲ့အမှတ်မဲ့ နေ တတ်ကြသည်။

တိရစ္ဆာန်များတွင် ခံစားတတ်တဲ့ နှလုံး သားရှိယုံမက၊ စိတ်ဒဏ်ရာလည်း ရနိုင် ပေသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကိုယ်တွေ့ ဖြစ်ရပ်နှစ်ခုကို ပြောပြပါရစေ။
ပထမတစ်ခုကတော့ ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ်၊ ထမံသီ ရှေ့တန်း စခန်းကို ရောက်လာတဲ့ မျောက်လွှဲကျော် လေးရဲ့ အကြောင်းပါ။ ရောက်လာ စတုန်း က အဲဒီမျောက်လွှဲကျော်လေးရဲ့ အရွယ်မှာ နို့စို့ရွယ်လေးပဲ ရှိပါသေးသည်။ မိခင် လက်မှ မလွတ်သေးခင် အရွယ်ဖြစ်သည်။

ထိုမျောက်လွှဲကျော်လေးကို နို့ဘူး ဖြင့် နို့တိုက်ပြီး ပြုစုခဲ့ကြရသည်။ မျောက်လွှဲ ကျော်လေးဟာ ထမံသီရှေ့တန်းစခန်းကို ရောက်လာကာစက လူအရမ်းကြောက် တတ်ပြီး မွေးထားတဲ့ လှောင်အိမ်လေး ထဲမှာပဲ ကွေးနေတတ်သည်။ (အခုတော့ လူထက်တောင် လည်တဲ့အကောင်ဖြစ် နေပါပြီ။ စကားချပ်)
သူ ထမံသီ ရှေ့တန်းစခန်းသို့ ရောက် လာသည့် ဗယ်လင်တိုင်းဒေးနေ့ကို အစွဲ ပြုပြီး ဗင်လင်တိုင်းဟု နာမည်ပေးခဲ့ကြ သည်။ ဗင်လင်တိုင်းလေး၏ ထူးခြား သည့် အချက်တစ်ချက်မှာ မိုးအုံ့လာ လျှင် နေမထိ ထိုင်မသာဖြစ်ပြီး”ဝူ အူး ဝူ အူး”နှင့် အော်နေတတ်ပါသည်။ ထိုသို့ အော်တတ်သည်မှာ ယနေ့အချိန်ထိ မိုးအုံ့ သည့်အခါတိုင်း ဖြစ်သည်။

မျောက်လွှဲကျော်များ၏ သဘာဝ အရ မျောက်လွှဲကျော်များသည် မနက်နေ ထွက်ခါစ အချိန်တွင်သာ ထိုသို့ အူတတ် သည့် အလေ့အကျင့်ရှိပြီး မိုးအုံ့သည့် နေ့များတွင် မအူကြတော့ဘဲ တိတ်ဆိတ် နေတတ်ကြသည်။ သို့သော် ကျွန်တော်တို့ ထံရောက် လာသည့် ဗယ်လင်တိုင်းလေး မှာတော့ မိုးအုံ့တိုင်း ဆွေးဆွေးငင်ငင်နှင့် အော်နေတတ်သည်မှာ ကျွန်တော့်အတွက် ထူးခြားသည့် လက္ခဏာတစ်ခုဖြစ်နေခဲ့ သည်။ ပိုထူး ခြားသည်မှာ မိုးခြိမ်းသံကို ကြားလျှင် ကျွန်တော်တို့ရဲ့ ရင်ခွင်ထဲ ပြေးဝင်လာ တတ်ခြင်း ဖြစ်သည်။ မိုးခြိမ်း သံကြားလျှင် ရင်ခွင်ထဲသို့ လာပြီး ခေါင်း လေးငုံ့ကာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေ သကဲ့သို့ ပြုမူနေတတ်သည်။

ဘာလို့ မိုးအုံ့လျှင် သူအော်မြည်နေ ရတာလဲ။ ဘာလို့ မိုးခြိမ်းသံကြားလျှင် တစ်စုံတစ်ယောက်၏ ရင်ခွင်ဆီပြေးခို လှုံချင် ရတာလဲ။ ဘာအကြောင်းကြောင့် ဖြစ်နိုင်လဲလို့ သူ့ရာဇဝင်ကို လိုက်ကြည့် တော့ ကျွန်တော့် ရင်ကို ဆွဲလှုပ်လိုက် သလို စိတ်မကောင်း ဖြစ်ခဲ့ရသည်။
ဗင်လင်တိုင်းလေးကို စတင်ရရှိခဲ့ သည်မှာ ရွှေမျောသမားများထံမှဖြစ်ပြီး မိခင် ရင်ခွင်ထဲမှာ ရင်ခွင်ပိုက် အနေ အထားဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ မုဆိုးက သူ့မိခင်ကို ပစ်လိုက်သည့်အချိန် ထို မျောက်လွှဲကျော်လေးဟာ အမေရင်ခွင် ထဲ နို့စို့လျက် အနေအထားဖြင့် ကျလာ ခဲ့ခြင်း ဖြစ်ကြောင်း သိခဲ့ရပါသည်။
မိုးရာသီ နေ့တစ်နေ့မှာ ယင်းကြေကွဲ ဖွယ် ဖြစ်ရပ်ကို သူကြုံခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် မိုးအုံ့တိုင်း သူ့၏ စိတ် ဒဏ်ရာကို မြင်တွေ့နေရခြင်း ဖြစ်သည်။
မည်မျှ ဆိုးရွားသည့် စိတ်ဒဏ်ရာ ဖြစ် သည်ကို မှန်းဆကြည့်နိုင်သည်။
မနေ့တစ်နေ့က ပျော်ပျော်ရွှင်ရွှင်ရှိ ခဲ့သည့် မိသားစုဘ၀ ရုတ်တရက် ပြိုကွဲရ သည်။ အုံ့မှိုင်းမှိုင်း ရာသီဥတု၊ သေနတ် သံ၊ မိခင်၏ နာကျင် ညည်းတွားသံ၊ သွေးစက်များစသည့် အရာများကို သူမေ့ ပစ်၍ ရမည်မဟုတ်။ သူသာစကား ပြော တတ်လျှင် သူ့ဘ၀၏ အနာကျင် ရဆုံး ဟု ပြောမှာ မလွဲပေ။

နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ လွန် ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာမှ ကျွန် တော်တို့ ထမံသီ ရှေ့တန်းစခန်းသို့ လာအပ်နှံခဲ့သည့် ဟိမဝန္တာဝက်ဝံလေး ကြောင်း ဖြစ်သည်။
ထိုဝက်ဝံလေးကို အပ်နှံသည့်ရွာမှာ ကျွန်တော်ကိုယ်တိုင် သွားယူခဲ့ခြင်း ဖြစ် သည်။ ရွာသားများ ပြောကြားချက်အရ ယင်းဝက်ဝံလေးကို ချင်းတွင်းမြစ် အရှေ့ ဘက်ကမ်းမှ နောက်ဘက်ကမ်းသို့ ကူး နေချိန်တွင် ဆယ်ယူရရှိခဲ့ကြောင်း သိရှိ ခဲ့ရသည်။ ကျွန်တော်တို့လည်း ဝက်ဝံ အပ်နှံကြောင်း လက်မှတ်စသည်တို့ လုပ်ပြီး ဝက်ဝံကို ကျွန်တော်ကိုယ်တိုင် ရင်ခွင်ပိုက်အနေထားဖြင့် အပ်နှံသည့် အိမ်မှနေ၍ စက်လှေပေါ်သို့ သယ်ယူခဲ့ ပါသည်။

ထို ဝက်ဝံလေးဟာ အရိုင်းကောင်စစ် စစ်ဖြစ်ပြီး လူကိုရန်မူနေတာကြောင့် ပါး စပ်ပေါက်လေးကို လက်ဖြင့် ပိတ်ပြီး ပွေ့ချီခဲ့ရသည်။
ကျွန်တော့် ကိုယ်ပေါ်ရောက်တော့ ကလေးလေးတစ်ယောက် ကဲ့သို့ ငြိမ် သက်လိုက်ပါခဲ့သည်။ ကျွန်တော်အတွက် တော့ စိတ်ကြည်နူးစရာ အကောင်းဆုံး အချိန် ဖြစ်သည်။ သို့သော် ခဏသာစိတ် ကြည်နူးခဲ့ရသည်။

သူ့ကို သယ်ယူလာပြီး လှေပေါ် ဆောင် ယူခါနီး ချင်းတွင်းမြစ်ဆိပ်ရောက် တော့ ဝက်ဝံလေးမှာ ထိန်းမရအောင် လှုပ်ရှားလာခဲ့သည်။ ထို့ကြောင့် ကျွန်တော် တို့လည်း အသင့်ဆောင်ယူလာသည့် ဝက်ဝံလှောင်ချိုင့်ထဲသို့ ထည့်ပြီးဆောင် ယူခဲ့ရသည်။ ကျေးရွာမှာ ထမံသီရှေ့ တန်းရုံးသို့ အပြန်လမ်းတစ်လျှောက်ဟာ ကျွန်တော့်အတွက် စိတ်အထိခိုက်ရဆုံး အချိန်များသာ ဖြစ်ခဲ့ရသည်။

ဝက်ဝံလေးမှာ လှောင်ချိုင့်ထဲမှနေပြီး ချင်းတွင်းမြစ်ကမ်း တစ်ဖက်တစ်ချက်ကို ကြည့်လိုက် တစာစာအော်လိုက် တောက် လျှောက်လိုက်ပါလာခဲ့သည်။ ထိုသို့ တ စာစာအော်မည် လိုက်ခဲ့သည်မှာ ကျေး ရွာမှနေ၍ ထမံသီရှေ့တန်းစခန်းကို ရောက်သည့် အချိန်ထိပါပဲ။
ချင်းတွင်းမြစ်ထဲ မျောနေချိန်၊ အသက်လု ကူးခတ်နေချိန် အခိုက်အတန့် နာကျင် စိုးရွံ့ရမှုကို သူမေ့မည် မဟုတ်ပေ။
ထိုဖြစ်ရပ်နှစ်ခုကို ကြည့်ခြင်း အားဖြင့် တောရိုင်းတိရစ္ဆာန်ဟုသည့် အရိုင်းကောင် များတွင်ပင် ခံစားတတ်တဲ့ နှလုံးသား ရှိယုံမကဘဲ စိတ်ဒဏ်ရာများ လည်း ရနိုင်ကြောင်း သိရသည်။ ကျွန်တော် ထို တောရိုင်းတိရစ္ဆာန်များ၏ စိတ်ဒဏ် ရာအကြောင်းပြောပြနေခြင်းမှာ အခြား ကြောင့် မဟုတ်ပါ။

လူသားများ မွေးမြူထားကြသည့် တော ရိုင်းတိရစ္ဆာန် တော်တော်များများ သည် ငယ်ရွယ်စဉ်အခါမှစ၍ အိမ်မွေး တိရစ္ဆာန်တစ်ကောင်လို မွေးမြူခြင်း ခံထားကြရသည့် အကောင်များသာ ဖြစ်ပြီး များသောအားဖြင့် အထက်တွင် ဖော်ပြခဲ့သော မျောက်လွှဲကျော်နှင့် ဝက်ဝံ ကဲ့သို့ အမေရင်ခွင်မှ ခွဲထုတ်ခံထားရ သည့် အကောင်များသာ ဖြစ်ကြသည်။ ထိုအကောင်များ အားလုံးသည် အမေနှင့် ကွဲကွာခဲ့ရသည့် စိတ်ဒဏ်ရာများနှင့် ရှင် သန်နေရသည့် အကောင်များသာ ဖြစ် ကြောင်း သိစေလိုသည်။

ထိုသို့ စိတ်ဒဏ်ရာခံစားနေရသည့် အကောင်များကို တချို့လူသားများက ငွေရှိရန် တစ်ချက်တည်းနှင့် ခိုင်းစေနေ သည် များလည်း စိတ်မကောင်းဖွယ်ရာ မြင်ရ ကြားရပြန်သည်။ ကျွန်တော်တို့ လူသား ဆိုသည်မှာ ကမ္ဘာပေါ်တွင် ဆင်ခြင် နိုင်စွမ်း အမြင့်ဆုံးသက်ရှိများဖြစ်ကြပါ သည်။
ဒီနေရာမှာ ကျွန်တော်လေးလေးနက် နက် ပြောလိုသည်က အဲဒီတောရိုင်း တိရစ္ဆာန် အကောင်များအတွက် ကိုယ် ချင်း စာစိတ်လေးတစ်ချက်ပဲ ထားကြည့် ပေး စေချင်ပါသည်။ ကျွန်တော်တို့သာ မိခင်နှင့် အခွဲခံရလျှင် မည်သို့ ခံစားရ မည်နည်း။ မိမိ၏ ရင်သွေးလေးကို တစ်ပါး သူတွေ ယူသွားပြီး အလှပြခိုင်းစေနေမည် ဆိုသော် မည်သို့ ခံစားရမည်နည်း။ အကောင်လေးများကို ချစ်တယ်ဆိုပြီး ကိုယ့်အနားမှာ ပိတ်လောင်ထားသည်မျိုး မလုပ်စေချင်ပါ။
အစာရေစာ ပေးရုံဖြင့် ထိုအကောင် တွေ၏ လုံခြုံသည့် စိတ်ခံစားမှု၊ ပျော်ရွှင် မှုတွေကို ဖန်တီးမပေးနိုင်ပေ။ သဘာဝ ထဲတွင် သဘာဝအတိုင်း ကြီးထွားရှင်သန် နေကြ သည့် အကောင်များကို သဘာဝထဲ တွင်ပင် ဆက်လက်ရှင်သန်စေပါဟု အကြံပြု တိုက်တွန်းရင်း။
နော်ကောင်း