ထားဝယ်တွင် အိမ်ထောင်စု ၃၂ ရာခိုင်နှုန်း မသန့်ရှင်းသည့် ရေအရင်းအမြစ် သုံးစွဲ

0
407

ထားဝယ်မြို့နယ်ရှိ အိမ်ထောင်စု များ၏ ၃၂ ရာခိုင်နှုန်းက မသန့်ရှင်း သည့် ရေအရင်းအမြစ်မှ ရရှိသည့် ရေကို သောက်ရေအဖြစ် သုံးစွဲလျက် ရှိကြောင်း ၂၀၁၄ ခုနှစ်တွင် ကောက် ယူခဲ့သည့် သန်းခေါင်စာရင်း ထားဝယ် မြို့နယ် အစီရင်ခံစာအရ သိရသည်။
ထားဝယ်မြို့နယ်တွင် အိမ်ထောင် စုပေါင်း ၂၄၉၄၃ ခုရှိပြီး ၎င်း၏ ၃၂ ရာခိုင်နှုန်းဖြစ်သည့် အိမ်ထောင်စု ရှစ် ထောင်နီးပါးက မသန့်ရှင်းသည့် ရေ အရင်းအမြစ်မှ ရသည့်ရေကို သောက် သုံးနေကြခြင်း ဖြစ်သည်။

မသန့်ရှင်းသော ရေအရင်းအမြစ် ဆိုသည်မှာ ရေကန်၊ အကာအရံမဲ့ ရေတွင်း၊ မြစ်၊ ချောင်း၊ တူးမြောင်း၊ တောင်ကျရေ၊ မိုးရေ စသည်တို့မှ ရရှိ သည့် ရေဖြစ်သည်။
မသန့်ရှင်းသည့် ရေအရင်းအမြစ်မှ ရေကို မြို့ပြထက် ကျေးလက်ဒေသတွင် ပိုမို အသုံးပြုလျက် ရှိသည်။

ကျေးလက်ဒေသရှိ အိမ်ထောင် စုများ၏ ၆၃ ဒဿမ ၈ ရာခိုင်နှုန်းက မသန့်ရှင်းသည့် ရေအရင်းအမြစ်မှ ရသည့်ရေကို သောက်ရေအဖြစ် အသုံးပြု ကြသည်။
ရေကို ဆူပွက်အောင် ကျိုချက်ပြီး သောက်လျှင် အကောင်းဆုံး ဖြစ် သည်ဟု ထားဝယ်မြို့နေ ဆရာဝန် တစ်ဦးဖြစ်သည့် ဒေါက်တာ ဟိန်းမင်း ထက်အောင်က ပြောသည်။

“ရေကို ကျိုချက်ပြီးသောက်ရင် အန္တရာယ် မရှိဘူး။ ကျိုချက်ပြီး မသောက်ရင် ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက် တိုက်ဖွိုက် (အူရောင်ငန်းဖျား) တွေဖြစ်နိုင်တယ်”ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။
ထားဝယ်မြို့နယ်တွင် အိမ်ထောင် စု ၆၇ ဒဿမ ၄ ရာခိုင်နှုန်းက ရေ ကောင်းရေသန့် (ရေပိုက်လိုင်း၊ အဝီစိ တွင်း၊ အုတ်စီရေတွင်း၊ ရေသန့်စက်၊ ရေသန့်ဘူး)ကို သောက်ရေအဖြစ် အသုံး ပြုကြသည်။

ထားဝယ်မြို့နယ်တွင် မြို့နယ် အဆင့်သန်းခေါင်စာရင်းဆိုင်ရာ အချက် အလက်များ အသိပညာပေးခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ်လ ၃၁ ရက်နှင့် စက်တင် ဘာလ ၁ ရက်တို့တွင် အ.ထ.က(၂) ထားဝယ်တွင် ကျင်းပခဲ့ပြီး အစီရင်ခံစာ စာအုပ်များကို ဖြန့်ဝေခဲ့ သည်။