တရားမဝင် ကင်းမွန်ငါးဖမ်းလှေ ၃ စီးဖမ်းမိ

0
329

မြိတ်မြို့နယ် မော်တုန်းကြီး ရေပြင် အနီးတွင် တရားမဝင် ကင်းမွန်ငါးဖမ်း လှေ ၃ စီးကို ဩဂုတ်လ ၁၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်း ထံမှ သိရသည်။

တပ်မတော် တိုက်ရေယာဉ် ၁၁၆ သည် နယ်မြေရှင်းကင်းလှည့်နေချိန်တွင် ကင်းမွန်လှေများ ကင်းမွန်ဖမ်းဆီးနေ စဉ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
အဆိုပါ ကင်းမွန်လှေ ၃စီး အနက် တစ်စီးတွင် ရေယာဉ်မှတ်ပုံတင်သာပါ ရှိပြီး ငါးဦးစီးဌာနမှ ခွင့်ပြုလုပ်ငန်းလိုင် စင် မပါရှိဘဲ ကျန် ၂ စီးတွင် လှေဂရန်၊ စက်ဂရန်နှင့် ငါးဦးစီးဌာနမှ ခွင့်ပြုလုပ် ငန်းလိုင်စင်မရှိသည့်အတွက် ဖမ်းဆီးပြီး မြိတ်မြို့နယ် ငါးဦးစီးဌာနသို့ ဩဂုတ်လ ၁၅ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

လက်ရှိတွင် ဖမ်းဆီးမိကင်းမွန်လှေ ၃ စီးနှင့် လှေပေါ်ပါ စုစုပေါင်းရေလုပ်သား ၁၉ ဦးတို့အား ထိန်းသိမ်းထားပြီး ဥပဒေ အရ အရေးယူနိုင်ရန် ဆောင်ရွက်နေ ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။