ရေဖြူမြို့နယ်တွင် ရေတပ်က ဖမ်းဆီးသွားသည့် ကဏန်းဖမ်းလုပ်သား တစ်ဦး သေဆုံးမှုဖြစ်ပွား

0
512

ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကျွဲ သုံးညီမကျေးရွာအုပ်စု၊ မဲသံတောင်ကျေး ရွာအနီးတွင် ကဏန်ဖမ်းလုပ်သား ၆ ဦးကို အဆိုပါ ကျေးရွာအခြေစိုက် ရေ တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ် ဆေးရိုက်နှက်ရင်း ၁ ဦး သေဆုံးသွား ကြောင်း ဖမ်းဆီးခံရသူနှင့် ကျေးရွာ အုပ်ချူပ်ရေးမှူးထံမှ သိရသည်။
ဖြစ်စဉ်မှာ ကဏန်းဖမ်းသမား ၈ ဦးတို့သည်ကဏန်းဖမ်းရန်အတွက် ဩ ဂုတ် ၄ ရက်က ရေးမြို့မှ စတင်ထွက် ခွာခဲ့ကြပြီး မဲသံတောင်ကျေးရွာ အနီးရှိ ကျွန်းပေါ်တွင် ယာယီစခန်းချနေကြ သည်။

၎င်းတို့အနက် ၆ ဦးကို မဲသံတောင် ကျေးရွာရှိ ရေတပ်က ဩဂုတ်လ ၁၁ ရက်၊ ည ၁၂ နာရီခန့်တွင် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ညှင်းပန်း ရိုက်နှက် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကဏန်းဖမ်းသမား အဖွဲ့ခေါင်းဆောင် ကိုသိန်းထိုက်အောင် သေဆုံးသွားသည်ဟု ဖမ်းဆီးခံရသူများ အနက် တစ်ဦးဖြစ်သည့် ဦးအောင်နိုင်က ပြောသည်။

“ကျွန်တော်တို့ကို သတင်းမပို့ဘူး ဆိုပြီး ၁၁ ရက်နေ့ ည ၁၂ နာရီလောက်မှာ လာဖမ်းသွားတယ်၊ စခန်းမှာ ကျွန်တော် တို့ကို စစ်ဆေးတယ်၊ မေးတယ်။ ရိုက် နှက်တယ်၊ ညှင်းရင်းညှင်းရင်းနဲ့ မိုးလင်း သွားတယ်။ မိုးလင်းတော့လည်း ထပ် မေး ထပ်ရိုက်တယ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ့။ အဲဒါနဲ့ ညနေ ၄နာရီလောက်မှာ သေ သွားတဲ့ ကျွန်တော့်ဆရာက အခြေအနေ မကောင်းတော့ဘူး၊ ကျွန်တော်တို့ ရှေ့မှာ ပဲ သေသွားတယ်”ဟု ဦးအောင်နိုင်က ပြောသည်။
အဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီး နောက် ကျန် ၅ ဦးကို ညှင်းပန်း နှိပ်စက် မှုမပြုတော့ဘဲ ဆက်လက်ထိန်းသိမ်းထား ကာ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ပြန်လွတ် လာသူတို့က ပြောသည်။

“ကျွန်တော့် ဆရာသေသွားတဲ့ ကိစ္စမှာ လှေကနေ ရေထဲပြုတ်ကျသေသွားသလိုမျိုးပြောဖို့ အဲလိုမပြောရင် အကုန်လုံးကို သတ်ပစ်မယ်ဆိုပြီး ကျွန် တော်တို့ကို ခြိမ်းခြောက်ပြောခိုင်းတယ်။ ကျေးရွာအုပ်ချုပ်ရေးထံကို အဲလိုမျိုး အကြောင်းကြားခိုင်းတယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မောရ၀တီရေတပ်စခန်းမှ ဩဂုတ်လ ၁၅ ရက်နေ့တွင် သေဆုံးသွားသူ၏ မိ သားစုနှင့်လာရောက်တွေ့ဆုံခဲ့ကြောင်း၊ ကာယကံရှင်မိသားစုနှင့် ကျေးရွာအုပ် ချုပ်ရေးမှူးတို့ကိုလည်း မောရ၀တီရေ တပ်စခန်းဌာနချုပ်သို့ ခေါ်ယူတွေ့ဆုံ ခဲ့ပြီး အလောင်းတူးဖော် ရင်ခွဲစစ်ဆေး ထားသည့် အခြေအနေကို ရှင်းပြခဲ့သည် ဟု ကျောင်းရွာအုပ်ချုပ်ရေးမှူး ဦးမျိုး အောင်က ပြောသည်။

“ဌာနချုပ်ကနေ ပြောတာကတော့ သူ့တပည့်ကနေ နှိပ်စက်လို့ လက်လွန် သွားတဲ့အကြောင်းပေါ့။ ဘယ်လိုနှိပ်စက် လဲဆိုတော့ စစ်သဘောအရပေါ့ဗျာ။ ထိုင်ထတာ ကျွမ်းထိုးတာ လုပ်ခိုင်းတာ တဲ့။ ဆုံးသွားသူကလည်း ဒဏ်ရာရှိလို့ ဆုံးသွားတဲ့ ပုံစံနဲ့ပြောတယ်။ ကျွန်တော် တို့ဒီဘက်က ပြန်လွတ်လာတဲ့လူတွေ ပြောတာက ဝါးလုံးနဲ့ရိုက်တာ မသေ မချင်းရိုက်တဲ့ပုံစံနဲ့ ပြောထားတဲ့ အနေ အထား ရှိနေတော့၊ ဘာမှတော့ မပြောခဲ့ ဘူး”ဟု အဆိုပါ အုပ်ချူပ်ရေးမှူး ဦးမျိုး အောင်က ရှင်းပြသည်။

ပြန်လွတ်လာသူ ၅ ဦးအနက်မှ ၄ ဦးတို့သည် ညှင်းပန်းနှိပ်စက်ခံထားရ သည့် ဒဏ်ကြောင့် ရေးမြို့ပြည်သူ့ဆေး ရုံတွင် ဆေးကုသမှု ခံနေရသည်ဟု ဦးအောင်နိုင်က ပြောသည်။
လက်ရှိတွင် မောရ၀တီ ရေတပ် စခန်းမှ တာဝန်ရှိသူများက သေဆုံး သွားသူ မိသားစုနှင့် ဒဏ်ရာရရှိသူများကို လာရောက်တွေ့ဆုံ ထားပြီး လူမှုရေးအရ ငွေကြေးထောက်ပံ့မှုပေးထားသည်ဟု လည်း ကာယကံရှင်များထံမှသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုဖွင့် ဆောင်ရွက်သွားမည် ဟုလည်း ကာယကံရှင်များက ပြောသည်
၂၀၁၆ ခုနှစ် မတ်လခန့်ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ခွဲ မန်း ကျည်းချောင်းဝရွာသား ၂ ဦးကို ကမ်း ရိုးတန်းတပ် တပ်ရင်းအမှတ် ၂၈၀ မှ ဗိုလ်ကြီးတစ်ဦးက သေနတ်ဖြင့် ပစ် သတ်မှု ဖြစ်ပွားခဲ့သေးသည်။