ပြည်ပခရီးစဉ်များအတွက် ထူးချွန်ကျောင်းသား ၁၅ ဦး ရွေးချယ်မည်

0
353

ဆွေးနွေးပွဲ၊ သင်တန်း၊ လေ့လာ ရေးစသည့် ပြည်ပ ခရီးစဉ်များအတွက် ထူးချွန်ကျောင်းသား ၁၅ဦးကို ရွေးချယ် မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

အလယ်တန်းဆင့် စာပေပညာထူး ချွန်သူ ၅ ဦး၊ အထက်တန်းအဆင့် စာပေ ပညာထူးချွန်သူ ၅ဦးနှင့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကွန်ပျူတာထူးချွန် သူ ၅ဦး စုစုပေါင်း ၁၅ဦးကို ရွေးချယ် မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး မှ ဦးစီးအရာရှိ ဦးအောင်စိုးက ပြော သည်။
“ပထမ သက်ဆိုင်ရာမြို့နယ် အဆင့် က ပဏာမ ၁၅ဦးစီ ရွေးပေးရမယ် အဲဒီ ရွေးပေးလာတဲ့အထဲက တိုင်းအဆင့်က နေပြီး နောက်ဆုံး ၁၅ဦးကိုပဲ စကာတင် ရွေးမှာ”ဟု ၎င်းက ပြောသည်။

တိုင်းအဆင့် အရည်အချင်းစစ် စာမေးပွဲကို ဩဂုတ်လ ၁၉ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ သွားရောက် ရမည့် အခွင့်အရေးရှိလာပါက စေလွှတ် ပေးနိုင်ရန်အတွက် ထူးချွန်ကျောင်းသား များကို ကြိုတင်ရွေးချယ်ထားခြင်း ဖြစ် ကြောင်း တိုင်းပညာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်ပနိုင်ငံများက ကျောင်းသား များနှင့် မြန်မာနိုင်ငံမှ ကျောင်းသားများ ကိုတွေ့ဆုံပေးခြင်းဖြင့် ၎င်းတို့အချင်း ချင်း ဆွေနွေးဖလှယ်နိုင်ရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရ သည်။