ထားဝယ် ဆေးရုံတွင်ရာသီတုပ်ကွေးH1N1 ရှိလူနာ နှစ်ဦးကျန်

0
412

H1N1ရာသီတုပ်ကွေး ဗိုင်းရပ်စ် တွေ့သူများအနက် ကျန်းမာရေး ကောင်းမွန် လာသူများကို ဆေးရုံမှဆင်းခွင့်ပြုလိုက် သဖြင့် ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိကုသမှု ခံယူနေသူ ၂ ဦးသာ ရှိတော့ကြောင်း ထားဝယ်ပြည်သူ့ ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ထားဝယ်တွင် ဩဂုတ်လ ၃ရက် နေ့အထိ H1N1 ရောဂါပိုး တွေ့သူ ၄ ဦးအထိရှိခဲ့ပြီး ၂ ဦးကို ရောဂါ သက်သာ လာသည့်အတွက် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ဆေးရုံအုပ်ကြီးက ပြော သည်။
ထို့အပြင် အခြားစောင့်ကြည့် လူနာ နှစ်ဦးအနက် တစ်ဦးကိုလည်း H1N1မတွေ့ရသည့်အတွက် ဆေးရုံ က ဆင်းခွင့်ပြုလိုက်ပြီး တစ်ဦးမှာ ဓာတ်ခွဲခန်းအဖြေ မသိရသေးပေ။