မောတောင်နယ်စပ်ဂိတ်မှ ကြက်သားကြက်ဥများ မဝင်ရေး တားမြစ်စစ်ဆေး

0
476

မြန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ် သည့် မြိတ်ခရိုင် မောတောင်နယ်စပ်ဂိတ်မှ တစ်ဆင့် ကြက်ဥ ကြက်သားများ မဝင် ရောက်နိုင်စေရန် ဇူလိုင်လ ၂၇ ရက်နေ့ မှစပြီး တားမြစ်စစ်ဆေးနေပြီဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။
ကြက်ငှက်တုပ်ကွေး H5N1 ရော ဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူပါဝင်သည့် စစ်ဆေးရေး အဖွဲ့ဖြင့် တားမြစ်စစ်ဆေးနေခြင်း ဖြစ် သည်။

ကြက်သားကြက်ဥများကို သယ် ဆောင်လာသည့် ဈေးရောင်းကားများကို စစ်ဆေးတားမြစ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံမယူလာရန် အသိပညာပေးခြင်း များကို ပြုလုပ်နေကြောင်း အထက်ပါ စစ်ဆေးရေးအဖွဲ့မှ သိရသည်။
“ပြန်လည်သယ်ယူ ရောင်းချခွင့် ကိုတော့ ရက်အတိကျမသိရသေးပါဘူး” ဟု စစ်ဆေးအဖွဲ့တွင်ပါဝင်သည့် မြိုမ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုး အောင်က ပြောသည်။

ထားဝယ်မြို့ တွင် ဖြစ်ပေါ်နေသည့် အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ရောဂါ အခြေအနေပေါ်မူတည်ပြီး နယ် စပ်ဂိတ်တွင် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်သည်။
မောတောင်နယ်စပ်သို့ ထိုင်းဘက် မှနေ့စဉ် မော်တော်ယာဉ်ဖြင့် ဈေးကား များဖြင့် လာရောက် ရောင်းချလေ့ရှိပြီး ကြက်ဥနှင့် ကြက်သားများကိုလည်း ထိုင်းဘက်မှ ဝယ်ယူသုံးစွဲနေရကြောင်း မောတောင်ဒေသခံများမှ သိရသည်။

ထို့ပြင် တနင်္သာရီမြို့နယ်တွင်းသို့ အခြားမှကြက်ဝက်များ သယ်ယူလာ ခြင်းနှင့် ရောင်းချခွင့်ကို ဇူလိုင်လ ၂၈ ရက်နေ့မှ စပြီးတားမြစ်ခဲ့ကြောင်း ယင်း မြို့နယ် စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။