ဝိဇ္ဇာဘာသာတွဲ လျှောက်သူများလာ

0
361

တိုင်းအတွင်း ၂၀၁၇-၁၈ ပညာ သင်နှစ်တွင် န၀မတန်း ကျောင်းသား/သူများ ဝိဇ္ဇာဘာသာတွဲ လျှောက်ထား သူဦးရေ ယခင်ပညာသင်နှစ်ထက်တိုး လာကြောင်း တိုင်းပညာရေးမှူး ရုံးမှ စာရင်းများအရ သိရသည်။
ယခင်ပညာသင်နှစ်တွင် တိုင်း အတွင်း န၀မတန်းတွင် ဝိဇ္ဇာဘာသာတွဲ လျှောက်ထားသူ တစ်ရာကျော်ရှိရာမှ ယခုနှစ်တွင် ရှစ်ရာနီးပါးအထိ မြင့်တက် လာကြောင်း ယင်းစားရင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ယခင်က ဝိဇ္ဇာ သိပ္ပံ ဘွဲ့ကန့်သတ် ချက်ဖြင့် လုပ်ငန်းခွင်ဝင်နေရပြီး ဝိဇ္ဇာ ဘာသာတွဲသမားများမှာ သိမ်ငယ်နေရ ကာ ယခုမှာ ယင်းကန့်သတ်ချက်များ မရှိတော့သဖြင့် လျှောက်ထားသူများလာ ခြင်းဖြစ်နိုင်ကြောင်း မြို့နယ်ပညာရေးမှူး တစ်ဦးမှ သုံးသပ်ပြောကြားသည်။
“အဲဒီဘာသာတွဲက လက်တွေ့နယ် ပယ်မှာ အကျိုးရှိဆုံး ဘာသာရပ်တွေ ပဲလေ၊ အဲဒါကြောင့် စည်းရုံးရတာပေါ့”ဟု အထက်ပါ ပညာရေးမှူးက ပြောသည်။
သို့သော် ဝိဇ္ဇာဘာသာတွဲ လျှောက် ထားသူ လုံးဝမရှိသည့် မြို့နယ်များ လည်း ရှိနေပြီး ယခုနှစ်တွင် သရက် ချောင်းနှင့် ကျွန်းစုမြို့နယ်များမှ အများ ဆုံးလျှောက်ထားကြောင်း အထက်ပါ စားရင်းများအရ သိရသည်။

“အထက်တန်းတွင် ဝိဇ္ဇာ၊ သိပ္ပံတွဲ များ ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီး ဝိဇ္ဇာဘာသာတွဲယူနိုင်ကြောင်း အသိပေး ရန်”ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန် ကြားထားကြောင်း ယင်းဌာန ညွှန်ကြား စာအရ သိရသည်။
တနင်္သာရီတိုင်းတွင် ယခုပညာ သင်နှစ်တွင် ကျောင်းသူ/သား ၁၇၅၉၁ ဦးရှိပြီး အတွဲ (၁) ဝိပ္ပံဘာသာတွဲမှာ အများဆုံးဖြစ်ပြီး အတွဲ(၂)ဝိဇ္ဇာဘာသာ မှာ အနည်းဆုံးဖြစ်ကြောင်း တိုင်းပညာ ရေးမှူးရုံး စားရင်းများအရ သိရသည်။