တနင်္သာရီ သမိုင်းသစ် ရေးရအောင်

0
665

မကောင်းတဲ့ ဥပဒေတွေရှိနေတာ ထက် ဥပဒေတွေမရှိတာက ပိုကောင်း တယ်လို့ ဆိုကြတယ်။
ဒီလိုပါပဲ… မမှန်တဲ့ သမိုင်းတွေ ရှိနေတာထက် သမိုင်း မရှိတာက ပိုကောင်းတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုပဲဆိုဆို သမိုင်းဆိုတာ လူတိုင်း က သိတယ်။ ဆိုင်တယ်လို့ ယူဆလို့ရတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်နေတော့ သမိုင်းစာအုပ်တွေကတော့ ရှိနေ တာပါပဲ။

ဆရာကြီးဒေါက်တာသန်းထွန်းက သမိုင်းကိုရေးတဲ့အခါ လူမျိုးစွဲ၊ ဘာသာ စွဲ၊ ဒေသစွဲ ကင်းရမယ်လို့ ပြောတဲ့အခါ လေးစားမိတယ်။ ဘုရားသမိုင်းတွေက အစ သမိုင်းဆိုင်ရာ စာအုပ်တွေဖတ်တဲ့ အခါ စာရေးသူရဲ့ နောက်ခံနဲ့ စေတနာ၊ ခေတ်ကာလအခြေအနေ၊ တင်ပြပုံ၊ ရည်ရွယ်ချက် စတာတွေကို ရှာမိပါတယ်။ ဘာပဲပြောပြော သမိုင်းကတော့ သမိုင်း ပါပဲ။ နောက်ဆုံးတော့ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပေါ့။

တနင်္သာရီလို့ ပြောလိုက်ရင် အတော် ရှုပ်တယ်ဗျ။ အင်္ဂလိပ်အုပ်ချုပ်တုန်းကဆို အခု ကရင်၊ မွန်နဲ့ တနင်္သာရီတွေပါတဲ့ အကျယ်အဝန်းကို တနင်္သာရီ(၁)နဲ့ (၂)ဆိုပြီး ဖွဲ့ခဲ့တာ။ အင်္ဂလိပ်တွေ အခြား ကြီးကျယ်တဲ့ နာမည်တွေ မပေးဘဲ တနင်္သာရီလို့ မှည့်ခဲ့တာ ဘာကြောင့်လဲ ဆိုတာ သူတို့ကို မေးမှသိမှာပဲ။ မြန်မာ မင်းများ လက်ထက်ပြန်ရောက်မှ ခွဲခြမ်း လိုက်တာ အခု လက်ရှိအနေအထား ကျန် ခဲ့တယ်။
တနင်္သာရီဆိုရင် တိုင်းဒေသကြီး လည်း ဟုတ်၊ မြို့နယ်လည်း ဟုတ်၊ မြို့ လည်းဟုတ်တဲ့ နာမည်ပါ။ ဒီတနင်္သာရီမြို့ ရဲ့သမိုင်းကို ခရစ်နှစ် ၁၉၂၉ ခုနှစ်မှာ ဦး ကြီးစိန်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက မှတ်တမ်း တင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဘာမှတ် တမ်းမှ မရှိတာထက်စာရင် အတော်ကျေး ဇူး တင်ဖို့ ကောင်းပါတယ်။ ဆွေးနွေးငြင်း ခုံစရာ ဖြစ်တာပေါ့။

ရှေးမှတ်တမ်းတွေကို အခြေခံပြီး ရှေးဟောင်း သုတေသန ဦးစီးဌာန (ရန် ကုန်)ရဲ့ တနင်္သာရီမြို့ဟောင်း ပထမ အကြိမ် ပဏာမကွင်းဆင်းတိုင်းတာ ခြင်း နှင့် စမ်းသပ်တူးဖော်ခြင်း သုတေသနလုပ် ငန်း အစီရင်ခံစာ (၁၉၉၈-၉၉ခုနှစ်)မှာ “ယခု တနင်္သာရီမြို့နယ် ချောင်းကြီးရပ် ကွက်အတွင်း တွေ့မြင်ရသော တနင်္သာရီ မြို့ဟောင်းသည် ဒုတိယအကြိမ်တည် သည့် တနင်္သာရီမြို့ ဖြစ်သည်။ ပထမ တနင်္သာရီမြို့ကို တည်ထောင်သူမှာ ဧကဒယ်ရာဇာမင်းဖြစ်၍ သက္ကရာဇ် ၆၃၅၊ ခရစ် ၁၂၇၃ခုနှစ်တွင် ခရင်းသေ အရပ်၌ တနင်္သာရီမြစ်ကြီးနှင့် တနင်္သာရီမြစ်ငယ် ဆုံရာတွင် တနင်္သာရီမြို့ကို တည်ထားခဲ့ ပါသည်။ မြစ်ရေ ဖျက်ဆီး၍ သုံးနှစ်တိုင် တိုင် မြို့တည်မရသောကြောင့် မယ်အောင် သာဆိုသူ ကိုယ်ဝန်ဆောင် အမျိုးသမီး အား ကျောက်တိုင်အတွင်း စတေးပြီးမှ သက္ကရာဇ် ၆၃၉၊ ခရစ် ၁၂၇၇ခုနှစ်တွင် မြို့တည် ပြီးမြောက်ခဲ့ကြောင်း သိရပါ သည်”လို့ ဖော်ပြထားပါတယ်။

ဒီလိုပဲ မြန်မာ့စွယ်စုံကျမ်း အမှတ်(၄) မှာလည်း တနင်္သာရီမြို့ကို ခရစ် ၁၃၇၃ ခုနှစ်မှာ တည်ထောင်ကြောင်း ဖော်ပြ ထားပါတယ်။
ဒီအဆိုတွေအရ တနင်္သာရီမြို့ကို ခရစ်နှစ် ၁၂၇၇ခုနှစ် ဒါမှမဟုတ် ခရစ် ၁၃၇၃ ခုနှစ်တွေမှာ ထိုင်း (ယိုးဒယား) အနွယ်တွေနဲ့ ထိုင်းမင်းတွေက တည်ခဲ့ တယ်လို့ဆိုသလို ဖြစ်နေတယ်။ တနင်္သာ ရီရောက်တဲ့အခါ လွှတ်တော် အမတ်မင်း တစ်ယောက်ကလည်း ဒီအယူအဆတွေ လွှမ်းမိုးနေတဲ့သဘော ပြောပါတယ်။ တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌက အတော်ရှင်းပြလိုက်မှ သမိုင်း သိပ်မသိပါဘူးဗျာလို့ ပြောရှာတယ်။

ပုဂံခေတ်နောက်ပိုင်း ခရစ် ၁၃ ရာစုကနေ စပြီး ကုန်းဘောင်ခေတ် ခရစ် ၁၇ ရာစုအထိ နိုင်ငံသမိုင်းဟာ အတက် အကျ များစွာ ရှိခဲ့ပါတယ်။ သူတစ်ပြန် ကိုယ်တစ်ပြန် ပိုင်ဆိုင်မှုတွေ များစွာ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ သမိုင်းအမှန်တွေ ဖုံးကွယ်ခံခဲ့သလို ဖျောက်ဖျက်ခံခဲ့ရတာ တွေလည်း ရှိပါတယ်။ ဒီတော့ သမိုင်း အစစ်ကို ပြန်ဖော်ထုတ်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

ပထမဆုံး သက်သေအခိုင်အမာ ပြောနိုင်တာကတော့ ပုဂံခေတ်(ခရစ် ၁၁ ရာစုမှ ၁၃ရာစုထိ) ကျောက်စာတွေ ဖြစ်ပါတယ်။ ဒီကျောက်စာတွေကို မြန်မာပြည် အလယ်ပိုင်းမှာ တွေ့ရသလို တနင်္သာရီဝန်းကျင်မှာ တွေ့ရပါတယ်။ ပထမဆုံးအနေနဲ့ မန္တလေးကျောက်စာရုံရှိ ကျောက်စာ အမှတ် ၄၄၈မှာ ခရစ်နှစ် ၉ ရက် မေလ ၁၁၇၉ခု နှစ် ရက်စွဲပါပြီး စည်သူမင်းကြီးက မုတ္တမ၊ ထားဝယ်၊ တနင်္သာရီဒေသအထိ နိုင်ငံတိုးချဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒုတိယကျောက်စာကတော့ ဆရာ ကြီး ဦးငြိမ်းမောင်ရဲ့ ခေတ်မြန်မာအက္ခရာ ဖြင့် ရှေးဟောင်းမြန်မာ ကျောက်စာ ပထမတွဲရှိ ၁၉ ရက် အောက်တိုဘာလ ၁၁၉၄ ခုနှစ်ရက်စွဲပါ အမတ်စစ်သူကြီး သုဖရစ်ရဲ့ အလှူမှတ်တမ်း ဖြစ်ပါတယ်။ တတိယနှင့် အရေးကြီးဆုံး ကျောက်စာ ကတော့ နရပတိစည်သူမင်းကြီးရဲ့ ၇ ရက် အောက်တိုဘာလ ၁၁၉၆ ခုနှစ် ရက်စွဲပါ ဓမ္မရာဇကကျောက်စာ ဖြစ်ပါ တယ်။ ပုဂံခေတ်မြန်မာနိုင်ငံရဲ့ အကျယ် အဝန်းကို ဖော်ပြတဲ့ ကျောက်စာလည်း ဖြစ်ပါတယ်။

ဒီကျောက်စာရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်နက်က တဝယ်၊ ဓညတ်၊ သင်ဒုတ်၊ တနင်သရေ၊ တကွာ၊ သလင်ကြေ၊ ပစ္ဆကနှီ၊ တွရိ၊ လန္ဒက တိုဝ်။ လို့ ဖော်ပြထားတယ်။ ဒီကျောက်စာတွေလိုပဲ သမိုင်းသက်သေ ခိုင်မာတဲ့ အခြားသက်သေ အထောက် အထားတစ်ခုက စောလူးမင်းရဲ့ အုတ် ခွက်ဘုရား ဖြစ်ပါတယ်။ ဒီအုတ်ခွက် ဘုရားကို အခုချိန်မှာ မြိတ်မြို့၊ မင်း ကျောင်းမှာ ရှိပါတယ်။ စောလူးမင်းက ခရစ်နှစ် ၁၀၇၇-၁၀၈၄မှာ မင်းအဖြစ် စိုးစံခဲ့တာ ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ အထောက်အထား တွေအရ တနင်္သာရီမြို့ကို ခရစ် ၁၂၇၇ခု ဒါမှမဟုတ် ၁၃၇၃ခု ဆိုတာတွေက လက် ခံဖို့ ခဲယဉ်းလာပါတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေဆိုရင်တော့ ဖြစ်နိုင် ချေရှိပါတယ်။ ခရစ် ၁၂ရာစုမှာ မြန်မာ ပြည်အလယ်ပိုင်းမှာရှိတဲ့ ပုဂံမင်းတွေနဲ့ ပြည်သူတွေက တနင်္သာရီကို သိနေပြီး ဖြစ်တဲ့အတွက် အနည်းဆုံး ၂ရာစု ( နှစ် ၂၀၀ ခန့်) မတိုင်မီကတည်းက ဒီမြို့ (တနင်္သာရီ)က တည်ထောင်ပြီး ပြီးလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ခရစ်နှစ် ၁၀ ရာစုလောက် ကတည်းက တနင်္သာရီ ရှိနေပြီလို့ ယူဆနိုင်ပါတယ်။

ရှေးခေတ်အုပ်ချုပ်ပုံအရ ကိုယ့် ဒေသကိုယ် အုပ်ချုပ်တာ ဖြစ်ပါတယ်။ တနင်္သာရီမှာ တနင်္သာရီမင်း၊ ထားဝယ် မှာ ထားဝယ်မင်းဆိုပြီး ရှိတယ်။ မြို့ပြ နိုင်ငံတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ မှာ သက်ဆိုင်ရာ ဗဟိုအုပ်ချုပ် ရေးက တိုက်ရိုက်ခန့်တဲ့ မင်းတွေလည်း ရှိပါ တယ်။ ပြည်သူတွေက ဒီလူတွေပါပဲ။ စိတ်ဝင်စားဖွယ်ကောင်းတာက အုပ်ချုပ် တဲ့ မင်းဆက်တွေ ပြောင်းတဲ့အခါ လူမျိုး ပြောင်းတယ်လို့ ပြောတတ်ကြပါတယ်။
ဥပမာ ပျူကနေ ပုဂံပြောင်းတဲ့အခါ လူမျိုးပြောင်းတယ်လို့ ပြောကြပါတယ်။ ပုဂံကနေ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင် မင်းဆက်တွေပြောင်းတဲ့အခါ မည်သည့် ပြဿနာမှ မရှိပါ။ တနင်္သာရီ မှာလည်း အုပ်ချုပ်ရေးအတွက် မင်းဆက် တွေပြောင်းပေမယ့် ပြည်သူကတော့ ဒီအတိုင်းရှိနေတာကို တွေ့ရပါတယ်။

တနင်္သာရီနှင့်ပတ်သက်ပြီး ပုဂံ ခေတ်အတွက် သက်သေ အထောက် အထား ပြောပြီးတဲ့အခါ ပုဂံခေတ်ထက် စောတဲ့ ပျုခေတ် (ခရစ် မပေါ်မီ ၂ရာစုမှ ခရစ် ၉ရာစုထိ)ကို ဖော်ပြချင်ပါတယ်။ ပျူခေတ် မှတ်တမ်းတွေအရ ပျူတွေမှာ ၁၂ ပြည်ထောင်ရှိသတဲ့။ ဒီနေ့ မြန်မာ နိုင်ငံမှာ ပြည်နယ်နဲ့တိုင်း ၁၄ခုရှိသလို နေမှာပါ။ ဒီပျူ ၁၂ ပြည်ထောင်စာရင်းမှာ တနင်္သာရီပျူ-မြို့တော်ထားဝယ်လို့ ဖော်ပြထားပါတယ်။

မှန်နန်းရာဇဝင်တော်ကြီး၊ ဇမ္ဗူ ကွန်ခြာ ကျမ်းတွေမှာလည်း ဖော်ပြထားပါ တယ်။ ပျူတွေ ပြည်ပျက်တဲ့အခါ သုံးစု ကွဲတယ်။ ရခိုင်ဓည၀တီကို တစ်ဖွဲ့၊ တနင်္သာရီကို တစ်ဖွဲ့၊ ထားဝယ်ကိုတစ်ဖွဲ့ ရောက်တယ်လို့ ဆိုတယ်။ ရခိုင်ရာဇဝင် တွေအရ ဓည၀တီခေတ်ကို ဘီစီ ၃၃၂၅မှ ၃၂၆ အေဒီလို့ တွေ့ရတယ်။ ဒီလိုဆို တနင်္သာရီ၊ ထားဝယ်သမိုင်းတွေက လွန်ခဲ့ တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်တည်းက စတယ်လို့တောင် ယူနိုင်တယ်။

ဒါကိုထောက်ခံတဲ့ အထောက် အထားတွေက ကျောက်လက်နက်တွေ၊ ကျောက်ပန်းချီ၊ ကျောက်တိုင်တွေ၊ ကြေး လက်နက်တွေစတဲ့ အကြိုသမိုင်း အထောက်အထားတွေကလည်း လွန်ခဲ့ တဲ့နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက လူနေထိုင်ကြောင်း ပြသနေပါတယ်။ ဘယ်လူမျိုးတွေ၊ ဘာကိုးကွယ်တယ် စတာတွေကို ဆက်ဆွေးနွေးတာပေါ့။
ဆရာဦးနိုင်ဝင်း (တွဲဖက်ပါမောက္ခ၊ မော်လမြိုင်တက္ကသိုလ်)ရဲ့ လေ့လာချက် အရ ပျူစာအရေးအသားပါတဲ့ အုတ် တွေကို တနင်္သာရီမှာ တွေ့ရှိထားပါတယ်။ လက်ရေးစင်းနဲ့တူတဲ့ အုတ်တွေလည်း တွေ့တယ်။ ပုတီးစေ့တွေလည်း တွေ့ပါ တယ်။

တရုတ်မှတ်တမ်းတွေအရ ခရစ်နှစ် ဦးပိုင်းတွေကတည်းက မလေးကျွန်းဆွယ် တစ်လျှောက်မှာ မြို့ပြနိုင်ငံတွေ ရှိပါ တယ်။ ဒီမြို့ပြနိုင်ငံတွေထဲမှာ တွန်ဆွန် ဆိုတာ ရှိပါတယ်။ မင်းငါးမင်း ဒါမှမဟုတ် မြို့ငါးမြို့ရှိတဲ့နေရာပါ။ ဒီ တွန်ဆွန်ရဲ့ အချက်အချာ ဒေသကို အိန္ဒိယပညာရှင် နီဟာရန်ဂျန်ရေးက တနင်္သာရီမြို့ဖြစ် ကြောင်း၊ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ကျော် ကြားတဲ့ နေရာတစ်ခုဖြစ်ကြောင်း ဆိုပါ တယ်။

ဒီနေရာမှာ စဉ်းစားဖို့ကောင်းတဲ့ အခြား မြို့ဟောင်းတွေလည်း ရှိပါတယ်။ ခရစ်နှစ် ၇၈၃ခုနှစ်တွင် တည်ထောင်တဲ့ ကြက္ကလင်း၊ မြို့ဟောင်း၊ ခရစ်နှစ် ၉၀၁ ခုနှစ်မှာ တည်ထောင်တဲ့ ကောသမ္ဘီမြို့ ဟောင်း(ထောင့်ကွာ/ ထောင့်ကွယ်လည်း ခေါ်တယ်)၊ ခရစ်နှစ် ၁၁၂၂ခုနှစ်မှာ တည် ထောင်တဲ့ ဘန်ရှောင်မြို့ဟောင်းတွေ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် ယိုးဒယားတို့ရဲ့ မြို့တော် အယုဒ္ဓမြို့ကို ခရစ်နှစ် ၁၃၅၀ ခုမှ တည်ထောင်တယ်။ ဦးကြီးစိန်အဆို အရ ခရစ်နှစ် ၁၂၇၃ခု ဆိုရင်တောင် နှစ်ပေါင်း ၇၀ ကျော်စော ပါသေးတယ်။ ပုဂံခေတ်ကျောက်စာတွေအရ တနင်္သာ ရီက ခရစ် ၁၀ ရာစု လောက်က ရှိနေပြီ ဖြစ်တယ်။ ဒါကြောင့် တနင်္သာရီမြို့ကို ခရစ်နှစ် ပထမထောင်စုနှစ်မှာ တည်တဲ့ မြို့လို့ ပြင်ဆင်ချင်ပါတယ်။ ခရစ် ၁၇ ရာစုမှာ မြန်မာတွေ ပြန်သိမ်းတာက ကိုယ့်မြေမို့ ကိုယ်ပြန်ယူတာပဲ ဖြစ်ပါတယ်။
တနင်္သာရီရဲ့ ဖုံးကွယ်နေတဲ့၊ ဖျောက် ဖျက်ခံလိုက်ရတဲ့ သမိုင်းကို ပြန်လည် ဖော်ထုတ်ဖို့ ဆက်လက် ဆောင်ရွက်ရမှာ ပါ။
တနင်္သာရီမြို့သမိုင်းနဲ့ ယဉ်ကျေးမှု ကို ဖော်ထုတ်ထိန်းသိမ်းနေတဲ့ တနင်္သာရီ သား ဆရာတော်ကြီးများ၊ ဆရာများ၊ မိတ်ဆွေများနှင့် ဆွေမျိုးများကို ဂုဏ် ပြုရေးသား လိုက်ပါတယ်။