ဆလုံကလေးငယ်များ စုစည်းပညာသင်နိုင်ရန် စီစဉ်

0
466

ကော့သောင်းဒေသအတွင်း နေထိုင်ကြသည့် ဆလုံကလေးများ စု စည်းပညာ သင်ကြားနိုင်ရန် ကျောင်း အိပ် ကျောင်းစား အဆောင် တစ်ခုကို မကြုံကလက်ကျေးရွာတွင် ဆောက်လုပ် လျက်ရှိကြောင်း အောင်ဘာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဆလုံတိုင်းရင်းသားများသည် နွေရာသီတွင် မိသားစုအလိုက် ပင်လယ် ပြင်ထွက်ကာ စီးပွားရှာကြသည့်အတွက် ကလေးများ ပညာရေး တစ်ပိုင်းတစ်စ မဖြစ်စေရန် ယင်းသို့ စီစဉ်ပေးခြင်းဖြစ် ကြောင်း အောင်ဘာကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးက ပြောသည်။
“မကြုံကလက် ၊ ဂျလန်း ၊ ညောင် ဝိကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဆလုံ ကလေးတွေ အားလုံးနေထိုင်စားသောက် ဖို့အတွက်ပါ စီစဉ်ပေးမယ်”ဟု အောင် ဘာအုပ်ချုပ်ရေးမှူး ဦးဌေးနိုင်ကဆို သည်။

မကြုံကလက်တွင် သွပ်မိုးRC နှစ်ထပ် အဆောင်ကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ယင်းအဆောင် တွင် ဆလုံကလေးများ လာရောက် နေထိုင်က ပညာသင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဆလုံ လူမျိုးတွေဟာ မိုးကျရင် ပင်လယ်မထွက်ကြတော့ဘဲ ကျွန်းတွေ ပေါ်မှာနေပြီး ကလေးတွေကကျောင်း တက်တယ်၊ နွေဆို မိရိုးဖလာ စီးပွား လုပ်ငန်းဖြစ်တဲ့ ပင်လယ်မှာ သား ၊ ငါး ရှာတာတွေလုပ်ဖို့ ကလေးတွေပါ ခေါ်ပြီး ပင်လယ်ထွက်ကြတယ်”ဟု မကြုံက လက်ကျေးရွာနေ ဦးချိုလွန်းက ဆိုသည်။
မကြုံကလက်ကျေးရွာသည် အောင်ဘာကျေးရွာအုပ်စုအတွင်း ပါဝင်သည်။