လျှပ်စစ်အတွက် မတူညီသည့် အရင်းအမြစ်များထံမှ ရယူမည်ဟု ဝန်ကြီးချုပ်ဆို

0
364

တိုင်းအတွင်းရှိ ခရိုင်သုံးခုတွင် လျှပ်စစ်မီးပေးနိုင်ရန် ခရိုင်အလိုက် မတူညီသည့် လျှပ်စစ်အရင်းအမြစ်များကို ရယူသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား လိုက်သည်။

ဇူလိုင်လ ၃ ရက်နေ့က ထားဝယ်မြို့ မြို့တော်ခန်းမတွင်ပြုလုပ်သည့် ထား ဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
ထားဝယ်ခရိုင် လျှပ်စစ်ကဏ္ဍအတွက်ဂက်စ်ထွက်ရှိနေသမျှ ကျောက် မီးသွေးကို စဉ်းစားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

မြိတ်ခရိုင်အတွက်ကိုမူ နည်းလမ်း ၃ ခုဖြင့် လုပ်ဆောင်သွားရန်ရှိပြီး တိုင်း အစိုးရအဖွဲ့၏ မူဝါဒအရ ၂ နှစ်အတွင်း LNG (သဘာဝဓာတ်ငွေ့) ဖြင့် လျှပ်စစ်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် ခရိုင်အတွင်းရှိ ရေတံခွန်များမှ အသေး စား ရေအားလျှပ်စစ် ထုတ်သွားမည်ဖြစ် ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောသည်။

မြိတ်မှာ စီးပွားရေးမြို့တော်ဖြစ်ပြီး အအေးခန်းစက်ရုံများလည်းရှိသည့် အတွက် တိတိကျကျ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြော သည်။
ကော့သောင်းခရိုင်မှာ နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့်အတွက် နိုင်ငံဂုဏ် သိက္ခာအတွက် ဆိုလာစနစ်နှင့် အသေး စား ရေအားလျှပ်စစ် တွဲပြီး လျှပ်စစ်ထုတ် လုပ်သွားရန်ရှိကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

“ဒါက တနင်္သာရီတိုင်းအတွက် လျှပ်စစ်မူဝါဒပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ခရိုင်အလိုက် မတူ ညီသည့် အရင်းအမြစ်များမှ လျှပ်စစ် အတွက် အသုံးပြုမည်ဆိုပါက ပြည်သူ့ သဘောထားအတိုင်း ဆွေးနွေးတင်ပြ ပြီးမှသာ အချက်အလက်အပေါ် အခြေ ခံပြီး လုပ်ငန်းစီမံချက် ဆွဲသင့် ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုသည်။

“စာရွက်ထဲကနေ၊ လေထဲကနေ အလုပ်ထဲကို ပြောင်းစေချင်တယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။
တနင်္သာရီတိုင်းတွင် လက်ရှိအစိုးရ သက်တမ်းအတွင်း လျှပ်စစ်တစ်ယူနစ်တစ်ရာကျပ်နှုန်းရရှိအောင် လုပ်ဆောင် မည်ဟု ဝန်ကြီးချုပ်က ပြောဆိုထားဖူး သည်။