တိုင်းအစိုးရနှင့် လွှတ်တော်တွင် NLD ၁၀၀ ရာခိုင်နှုန်းရှိခြင်းက အာဏာရှင်စနစ်ဖြစ်သွားနိုင်ဟုဆို

0
552

တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်တို့တွင် အင်န်အယ်လ်ဒီ ပါတီက ၁၀၀ ရာခိုင်နှုန်းရှိနေခြင်းက အာဏာရှင်စနစ် အချိန်မရွေးဖြစ်သွားနိုင် ကြောင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် က ပြောကြားသည်။

ဇူလိုင်လ ၈ရက်နေ့တွင် DVB သတင်းဌာနက တင်ဆက်ထားသည့် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မကတော့ အမြဲတမ်းပြောပါ တယ်။ NLD ချည်းပဲ ၁၀၀ ရာခိုင်နှုန်းရှိ တာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့၊ ကျွန်မက ပြောလေ့ပြောထ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အာဏာ ရှင်စနစ် ဖြစ်သွားနိုင်တယ် အချိန်မရွေး။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးက NLDဖြစ်နေတဲ့အခါကျတော့ တစ်သွေး တည်း တစ်သံတည်းဆိုတဲ့ ပုံစံမျိုးပေါ့ နော်။ ဖြစ်သွားနိုင်တယ်လို့” ဟု ဝန်ကြီး ချုပ်က ဆိုသည်။

DVB သတင်းဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် အင်တာဗျူးသူက တနင်္သာရီတိုင်း၏ အစိုးရနှင့် လွှတ်တော် အထိန်းအကျောင်းပြုနိုင်မှု အခြေအနေ ကို မေးမြန်းရာတွင် ယင်းသို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနစ်ရွေးကောက် ပွဲတွင် တနင်္သာရီတိုင်းအတွင်း NLD ပါတီမှ ရာနှုန်းပြည့် အနိုင်ရခဲ့သည်။