အာဇာနည်နေ့အခမ်းအနား မည်သူမဆို တက်ရောက်နိုင်

0
396

တိုင်းဒေသကြီးအစိုးရ အစီအစဉ် ဖြင့် ထားဝယ်တွင်ကျင်းပမည့် အာဇာ နည်နေ့အခမ်းအနားသို့ မည်သူမဆို တက်ရောက် နိုင်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေး မှူး ဦးအေးလူက ပြောသည်။

ဇူလိုင် ၁၉ ရက် နံနက်တွင် ထားဝယ်စည်ပင်ရုံးဝင်းအတွင်းရှိ ဗမာ့လွတ်လပ်ရေးကျောက်တိုင် (BIA ကျောက်တိုင်)တွင် လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းနှင့် ပန်းစည်းများ မည်သူမဆို ချထားနိုင်ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲကာ အလေးပြုခြင်း အခမ်းအနား ပြုလုပ်မည်ဖြစ်သည်။

“အများပြည်သူက နံနက် ၈ နာရီလောက်ကနေ ၉ နာရီခွဲလောက်ထိ ပန်းခွေတွေလာချလို့ရပါတယ်” ဦးအေးလူက ဆိုသည်။
အလေးပြုအခမ်းအနား မစတင်မီ နံနက် ၉ နာရီ၌ ထားဝယ်မြို့တော်ခန်း မတွင် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကိုကျင်းပမည်ဖြစ်ပြီး ယင်း အခမ်းအနားအတွက် နံရံကပ်စာစောင် များ၊ ကဗျာများကို ထားဝယ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်ထံ မည်သူမဆို ပေးပို့နိုင်ကြောင်း သိရသည်။

ထားဝယ်မြို့ရှိ BIA ကျောက် တိုင်တွင် အာဇာနည်နေ့ အခမ်း အနား ကျင်းပခြင်းကို လက်ရှိ NLD အစိုးရ လက်ထက်တွင် စတင်ခဲ့သည်။