မီးပျက်သည့်အတွက် ထားဝယ်တွင် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ

0
336

လျှပ်စစ်မီး အကြိမ်ကြိမ် ပြတ် တောက်မှုကြောင့် ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို လူအင်အား ၃၀၀ ခန့်ဖြင့် ဇူလိုင်လ ၁၂ ရက် ညက ထားဝယ်မြို့တွင် ဖယောင်းတိုင်မီး များ ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၁ ရက်မှ စတင်၍ လျှပ်စစ်တစ်ယူနစ် ဈေးနှုန်း ကျပ် ၃၀၀ မှ ကျပ် ၂၁၀ လျှော့ချခဲ့ပြီးနောက် လျှပ်စစ်မီးပြတ် တောက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်း ကြောင့် ယင်းသို့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

“နေ့စဉ်နဲ့အမျှ ခဏခဏ မီးပျက်နေ လို့ပါ။ ဒါကြောင့် ကျွန်တော်တို့ အခုလို လမ်းပေါ် ထွက်လာရခြင်း ဖြစ်ပါတယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ဟောပြောသူ ဦးဝေဖြိုးက ပြောသည်။

ဆန္ဒပြရာတွင် “လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရေး” ၊ “လျှပ် စစ်ဓာတ်အား ထုတ်လုပ်ရေးတာဝန်ယူ ထားသည့် GGS ကုမ္ပဏီအား တိုင်း အစိုးရမှ ကြပ်မတ်ဆောင်ရွက်ရေး” နှင့်”လျှပ်စစ်ဖြန့်ဖြူးရေးအတွက် တာဝန် ယူမှု တာဝန်ခံမှုမရှိသည့် DDPC ကုမ္ပဏီ..အလိုမရှိ”စသည့် အချက်များ ကို ကြွေးကြော်ခဲ့ကြသည်။

ဇူလိုင်လ ၁၀ နှင့် ၁၁ ရက် ည များတွင်လည်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တွင် ထားဝယ်မြို့ခံ အချို့က ဖယောင်းတိုင်မီးထွန်း ဆန္ဒပြခဲ့ ကြသည်။