ထုတ်လုပ်သူနည်းလာသည့် ဝါးခမောက် ဝယ်လိုအားမြင့်လာ

0
553

ထားဝယ်ခရိုင်တွင် ဝါးခမောက်ကို ထုတ်လုပ်သူ နည်းပါးလာသည့် အတွက် ဝယ်လိုအား မြင့်တက်လာကြောင်း ဝါးခမောက် ထုတ်လုပ်သူများထံမှ သိရ သည်။
ယခင်နှစ်ကဝါးခမောက် သုံး ထောင်ကျော်သာ ချုပ်လုပ် ရောင်းချ နိုင်ခဲ့ပြီးယခုနှစ်တွင် အလုံးခြောက် ထောင်ကျော်ခန့် ချုပ်လုပ်ထားသော် လည်း မလောက်သဖြင့် ထပ်ချုပ်လုပ် နေရ ကြောင်း တောင်မင်းပြောင်ကျေးရွာမှ ဝါးခမောက်ချုပ်လုပ်ရောင်းချသူ ဒေါ်ကြည်သန်းက ပြောသည်။

“ပိုလုပ်နေရတယ်ဆိုတာက ဝါး ခမောက်ချုပ်လုပ်တဲ့သူအချို့က ထိုင်းကို ထွက်သွားကြပြီလေ” ဟု ၎င်းကပြော သည်။
ထားဝယ်ခရိုင်အတွင်း ဝါးခမောက် ကို လောင်းလုံးမြို့နယ်ရှိ တောင်မင်း ပြောင်ကျေးရွာတွင် အဓိက ထုတ်လုပ်ပြီး သဗျာကျေးရွာတွင် ထုတ်လုပ်သူနှစ်ဦးရှိ ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က တောင်မင်းပြောင် ကျေးရွာနေသူအားလုံး နီးပါးဝါးခမောက်ထုတ်လုပ်ကြပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းနည်း လာ ကာ လက်ရှိအချိန်တွင် ၁၀ အိမ်ခန့်သာ ထုတ်လုပ်ကြတော့သည်ဟု နှစ် ၃၀ အကြာ ဝါးခမောက်ချုပ်လုပ်သူ ဒေါ်ကြည်သန်း က ပြောသည်။

“အရင်နှစ်တုန်းက ဖောက်သည် တွေကို လိုက်စပ်ပြီး ရောင်းတာတောင်မှ ၆၀၀ လောက်ပဲ ရောင်းရတယ်။ ဒီနှစ် တော့ လိုက်မစပ်ဘဲနဲ့တောင် ၁၀၀၀ လောက်ရောင်းနေရတယ်”ဟု သဗျာ ကျေးရွာမှ ဝါးခမောက်ချုပ်လုပ်သူ ဒေါ်မိ နှင်းက ဆိုသည်။

ဝါးခမောက်များကို သရက်ချောင်း မြို့နယ်က အများဆုံးဝယ်ယူပြီး ယခု နှစ်အတွက် ထားဝယ်ခရိုင်တစ်ခုလုံး အတွက် ဝါးခမောက်နှစ်သောင်းကျော် ရောင်းချပြီးဖြစ်ကြောင်း တောင်မင်း ပြောင်ကျေးရွာရှိ ဝါးခမောက် ထုတ်လုပ် သူများထံမှ သိရသည်။
ခမောက်များကို မိုးဦးကာလနှင့် နွေရာသီ စပါးရိတ်သိမ်းသည့် အချိန် တွင် အဓိကရောင်းရကြောင်း သိရသည်။