တိုင်းအတွင်း ကွန်ကရစ်ကတ္တရာ မိုင်တစ်ရာခန့် ခင်းမည်

0
434

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းအတွင်း ပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ မြို့ကြီးများတွင် ကွန်ကရစ်ကတ္တရာ (နိုင်လွန်ကတ္တရာ) အရှည်မိုင် ၁၀၀ ခန့် ခင်းရန် လျာထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဖြစ်သည့် မလွှဲတောင်ထိပ်မှ ကော့သောင်းမြို့အထိ လမ်းပိုင်း တစ် လျှောက်ရှိ မြို့ကြီးအချို့တွင် ၂၄ ပေခန့် အကျယ်ရှိသည့် ကွန်ကရစ် ကတ္တရာခင်း သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပြည်ထောင်စု လမ်းပေါ်မှာရှိတဲ့ မြို့ကြီးတွေကို အဓိကထား ခင်းသွား မယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြော သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်းရှိ လမ်းနှင့် တံတားများ တည်ဆောက်ရန် စုစုပေါင်း ငွေကျပ် ၈၀ ဘီလီယံခန့် အသုံးပြုသွားရန် ရှိ ကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။