ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းရ

0
435

ထားဝယ်တက္ကသိုလ်ကျောင်းသား များသမဂ္ဂ ရုံးခန်းအတွက် အဆောက် အအုံကို ဇွန်လ ၂၉ ရက်မှ စတင် ခွင့်ပြုပေးလိုက်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။
ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ရှိယခင်ကျောင်းသား (အမျိုးသား) နားနေဆောင်တွင် ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး လက်ရှိတွင် လိုအပ်သောပြုပြင်မှု အနည်း ငယ်ပြုလုပ်ရန်ရှိသည်ဟု သမဂ္ဂဝင် တစ်ဦးဖြစ်သူ ကိုမင်းလွင်ဦးက ပြော ကြားသည်။ “တက္ကသိုလ်တာဝန်ရှိတဲ့ သူတွေကတော့ ရုံးခန်းအတွက် စားပွဲ တစ်လုံးနှင့် ကုလားထိုင်ဆယ်လုံး ပေး မယ်လို့တော့ ပြောနေတယ်” ဟု ကိုမင်း လွင်ဦးကပြောသည်။

ရုံးခန်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၏ပုံများ၊ ၂၀၁၂ နောက် ပိုင်း ထားဝယ်တက္ကသိုလ်ကျောင်း သား ခေါင်းဆောင်ပုံများချိတ် ဆွဲရန်၊ ရုံးခန်း ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကွှန်ပျူတာ နှင့် Printer များ ဝယ်ယူရန် ရန်ပုံငွေ လိုအပ်လျက် ရှိကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။
ကျောင်းသားများသမဂ္ဂအဟောင်း များနှင့် လက်ရှိသမဂ္ဂဝင်များထံမှ အပတ် စဉ်ကြေးကောက်ခံထားသော ရန်ပုံငွေ ရှိထားသည့်အတွက် ယင်းရန်ပုံငွေ များဖြင့် ရုံးခန်းအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။