ဝါဆိုကန်တော့နေ့ ယာဉ်တိုက်မှု ကြောင့် လူငါးဦးသေဆုံး

0
370

ထားဝယ်ခရိုင်တွင် ယာဉ်တိုက်မှု ကြောင့် ဝါဆို ကန်တော့နေ့ တစ်ရက် အတွင်း လူငါးဦးသေဆုံးခဲ့ကြောင်း ဇမ္ဗူ သီရိ အရေးပေါ်လူနာကူညီသယ်ဆောင် ရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့က ယာဉ်တိုက် မှုများကြောင့် ထားဝယ်မြို့နယ်တွင် အမျိုးသားတစ်ဦး၊ လောင်းလုံးမြို့နယ် တွင်အမျိုးသားတစ်ဦး သရက်ချောင်း မြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးနှစ်ဦး စုစုပေါင်း ၅ ဦး သေဆုံး ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထားဝယ်တွင် ယခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ ၆ လအတွင်း ယာဉ် မတော်တဆမှု ပေါင်း ၆၀၂ မူဖြစ်ပွား ခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကယ် ဆယ်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။