We Love dawei ပွဲတော် ထားဝယ်တွင် ကျင်းပမည်

0
425

ထားဝယ်ရိုးရာ၊ ထားဝယ်အလှနှင့် ထားဝယ်ဒေသအတွင်း နေထိုင်ကြသော လူမျိုးစုတို့၏ ယဉ်ကျေးမှု အမှတ်လက္ခ ဏာတို့ကို ဖော်ကျူးပြသမည့် We love Dawei(ဒို့ချစ်တဲ့ထားဝယ်)ပွဲတော်ကို ထားဝယ်တွင် ကျင်းပမည်ဟု ပွဲစီစဉ် သူများထံမှ သိရသည်။

ပွဲတော်အား နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၇ ရက်အထိ ထားဝယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထားဝယ် အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့ အစည်း များနှင့် ထိုင်းနိုင်ငံအခြေစိုက်Spirit Education Movement (SEM)နှင့်Community Art Project အဖွဲ့တို့ ပူပေါင်း လုပ်ဆောင်ကြမည်ဟု သိရသည်။
ပွင့်လင်းလာသည်နှင့်အမျှ ထားဝယ် ဒေသသို့ ဝင်ရောက်လာသည့် ရင်းနှီး မြှုပ်နှံမှုများကြောင့် ထားဝယ်ဒေသ အတွင်း ရှိရင်းစွဲ သဘာဝအရင်း အမြစ် များ မပျောက်ပျက်ရေးအတွက် ကာကွယ် ထိန်းသိမ်းတတ်ကြစေရန် ဒေသရိုးရာနှင့် ဒေသအလှအပများကို ဖော်ပြသည့်အနေ ဖြင့် ယခုပွဲအား ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြော်င်း(SEM)ထားဝယ်ဒေသ ညှိနှိုင်း ရေးမှူး ဦးအောင်လွင်က ပြောသည်။

“ထားဝယ်ကို လာပတ်သက်တဲ့ ထားဝယ်မှာ ရှိနေတဲ့သူတွေရော အပြင် က လာတဲ့သူတွေပါ (ထားဝယ်ကို)ထိန်း သိမ်း တန်ဖိုးထားတတ်လာအောင်ပါ”ဟု ဦးအောင်လွင်က ပြောသည်။

ပွဲတော်တွင် ထားဝယ်ဒေသအလှ ပန်းချီ ဓာတ်ပုံပြပွဲ၊ သရုပ်ဖော်ခြင်း၊ ထားဝယ်ရိုးရာ အစားအစာများကို မိတ်ဆက်ပေးခြင်း၊ ထားဝယ်နှင့် ကရင် လူမျိုးတို့နေထိုင်မှုပုံသဏ္ဍာန်နှင့် ဝတ်စုံများ ပြသခြင်း၊ ရိုးရာအကများ ကပြ ခြင်းစသည်တို့ ပါဝင်မည်ဟု သိရ သည်။

ထို့အပြင် ထားဝယ်ဒေသ၏ သဘာဝပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံမှု၊ ထားဝယ်နှင့် ထိုင်းလူမျိုးတို့ သမိုင်း ကြောင်းဆိုင်ရာ ဆက်စပ်မှု ဆွေးနွေးပွဲ စကားဝိုင်းများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

We love Daweiပွဲတော်အား ယခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှု စင်တာတွင် ကျင်းပခဲ့ဖူးသည်။