ရပ်ရွာအခြေပြု မူကြိုများ လူမှုဝန်ထမ်း အသိအမှတ်ပြုကျောင်းအဖြစ် လျှောက်သူနည်း

0
450

တိုင်းအတွင်းရှိ ရပ်ရွာခြေပြု မူကြို ကျောင်းများသည် လူမှူဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုကျောင်းအဖြစ် လျှောက် ထားမှု နည်းနေသေးကြောင်း တိုင်းလူ မှုဝန်ထမ်း ဦးစီးဌာနထံမှသိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် အခါအားလျော်စွာ ကွင်းဆင်းကာ တည် ထောင်ခွင့်(အသိအမှတ်ပြု) လျှောက်ရန် ပြောသော်လည်း လျှောက်လွှာတင်သည့် ကျောင်းကနည်းနေသည် ဟု အထက်ပါ ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ပြောသည်။

“ဒီနှစ်မှာ သုံးလေးကျောင်းလောက် ပဲလျှောက် ထားတာရှိသေးတယ်” ဟု ၎င်းက ပြောသည်။
ရပ်ရွာအခြေပြု မူကြိုကျောင်းများမှ လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု လျှောက်ထားလာပါက ရှေ့ဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းဥပဒေအရ ဆောင် ရွက်ပေးလျက်ရှိကြောင်း လက်ထောက် ညွှန်းကြားရေးမှူးက ပြောသည်။

အသိအမှတ်ပြုကျောင်းလျှောက် ထားလိုပါက ကျောင်းအုပ်သည်ဘွဲ့ရ၊ လူမှုဝန်ထမ်းအသိအမှတ်ပြု လက်မှတ် ရှိရမည်ဖြစ်ပြီး လက် ထောက်ဆရာမမှာ အထက်တန်းအဆင့်ရှိရမည်ဟု နည်း ဥပဒေတွင်ဖော်ပြထားကြောင်း ဒေါ်နီနီ ရွှေက ပြောသည်။
နည်းဥပဒေအရသတ်မှတ်ထား သည့် စံချိန်စံညွှန်းများနှင့် ပြည့်စုံသော ကျောင်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးပြီး အသိအမှတ် ပြုခြင်းခံရပါက နည်းပညာပံ့ပိုးပေးခြင်း၊ စစ်ဆေးကြီးကြပ်ခြင်း၊ လမ်းညွှန်မှုပေး ခြင်းအပါအဝင် ဆရာ၊ ဆရာမလစာ အဖြစ်တစ်နှစ်ကျပ်ခြောက်သိန်း ထောက် ပံ့ပေးကြောင်း ၎င်းကပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနတွင် အသိ အမှတ်ပြုလျှောက်ထားလိုသော်လည်း အနိမ့်ဆုံးပညာအရည်အချင်း သတ်မှတ် ချက် မပြည့်သောကြောင့် မလျှောက်ဖြစ် ဟု လောင်းလုံးမြို့နယ်၊ သာယာကုန်း ကျေးရွာကိုယ်ထူကိုယ်ထ မူကြိုကျောင်း မှ ဆရာမတစ်ဦးက ပြောသည်။
တိုင်းအတွင်း လူမှုဝန်ထမ်းဌာနမှ ထောက်ပံ့ပေး ထားသောကျောင်း ၄၈ ကျောင်းရှိပြီး အများစုမှာ တပ်မတော် ဧရိယာများအတွင်းရှိ ကျောင်းများ ဖြစ် ကြောင်း တိုင်းလူမှုဝန်ထမ်း ဦးစီးဌာန စာရင်းများအရ သိရသည်။