နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ရတနာဘုံမြင့်ကျောင်းကို မွန်အစိုးရက ပြုပြင်မည်

0
450

မွန်ပြည်နယ်၊မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိသည့် ရတနာဘုံမြင့် ဘုန်းကြီးကျောင်းကို ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ပြုပြင်သွားမည်ဟု သိရ သည်။

ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)၏ ကွင်းဆင်းစစ် ဆေး တွေ့ရှိချက်အရ အဆိုပါ ကျောင်း သည် နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်း ရှိသည့်ကျောင်းဖြစ်ပြီးပြုပြင် ထိန်းသိမ်း မှု အားနည်းခဲ့သည့် အတွက် လက်ရှိတွင် ပျက်စီးမှု ရှိနေသည့် အနေအထား ဖြစ် သည်။ကျောင်းကို ပြုပြင်ထိန်းသိမ်းရမည့် အပိုင်းနှင့် သုံးစွဲသွားမည့် ငွေကြေး ပမာဏကို တွက်ချက်ပြီးမှသာ သိရှိနိုင် မည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြော သည်။

” ပြုပြင်ဖို့အတွက် ခုမှ လာစစ်တုန်း ပဲ ပညာရှင်တွေပေါ့ ပြည်ထောင်စုကနေ လာတယ်၊ ဘယ်ဥစ္စာပြင်သင့်သလဲ ဘာပြင်ရမလဲဆိုတာကို လာရောက်စစ် ဆေးပြီးတော့ တွက်ချက်မယ်” ဟု ၎င်း က ပြောသည်။ကျောင်းတော်ကို ပြုပြင်နိုင်ရန် အတွက် ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ အင်ဂျင်နီယာ ပညာရှင်တို့က ဇွန်လ ၂၁၊ ၂၂ ရက်တို့တွင် ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာန၏ ကွင်းဆင်း စစ်ဆေးထားချက်အရ ခေါင်မိုး၊ ကြမ်းခင်းနှင့် မျက်နှာကျက် တို့သည်ပျက်စီးမှုအများဆုံးဖြစ်ပြီး အင်္ဂတေကွာကျခြင်း၊ ဆေးရည်ပျက်ပြယ် ခြင်းများလည်း တွေ့ရှိရသည်ဟု သိရ သည်။

ပြန်လည်ပြုပြင်ရာတွင်လည်း ရှေး ဟောင်းလက်ရာမူ မပျက်စီးအောင် ပြု ပြင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ) မှ သိရသည်။ ရတနာဘုံမြင့်ကျောင်းသည် ရှေး ဟောင်းအနုပညာ ပန်းပုလက်ရာများဖြင့် ပြည့်နှက်နေပြီး တံခါးပေါက် ၂၈ ခု၊ ပြတင်းပေါက် ၄၀ ခုရှိကာ ကျောင်းပေါ် တက်ရန် လှေကား ၃ ခု ရှိသည်။

မော်လမြိုင်တွင် ရတနာဘုံမြင့် ကျောင်းကဲ့သို့ ကိုလိုနီခေတ် အဆောက် အဦများ၊ ကိုလိုနီခေတ်ထက်စောသည့် ရှေးဟောင်း အဆောက်အဦ အများ အပြားရှိပြီး အများစုသည် ဘုန်းကြီး ကျောင်း၊ အစိုးရပိုင် အဆောက်အဦ၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်း များ ဖြစ်သည်။