Miss Universe Dawei 2017 အတွက် ဆန်ခါတင် အလှမယ်များ ရွေးချယ်

0
532

Miss Universe Dawei 2017 အတွက် ဆန်ခါတင် အလှမယ် ရွေး ချယ်ပွဲကို ဇွန်လ ၂၄ ရက်က ဟိုတယ် ထားဝယ်တွင် ကျင်းပခဲ့သည်။

ဆန်ခါတင်အလှမယ် ၁၈ ဦးကို ရွေးချယ်ခဲ့ပြီးဆန်ခါတင်အဖြစ် ရွေးချယ် ခံရသူများအား ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ Hotel Dawei တွင် Trainer Mark Nyi (Total Image Agency- Philippine) မှ သင်တန်းပေးမည် ဖြစ် ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ Miss Universe Dawei 2017 Grand Final ဇွန်လ ၃၀ ရက်တွင် Hotel Dawei တွင်ပင် ကျင်းပမည် ဖြစ်သည်။

Grand Final wGif Miss Universe Dawei 2017 / 1st Runner up Miss Universe Dawei 2017? 2nd Runner up Miss Universe Dawei 2017 ဆုများအပြင် ခေါင်းစဉ်အလိုက်ပေးအပ်သည့် ဆုများ ကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Winner ရရှိသူသည် ရန်ကုန်တွင် ကျင်းပမည့် Miss Universe 2018 ၂၀၁၈ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
Miss Universe Dawei 2017 Grand Final အတွက် လက်မှတ်များကို ရွှေပင်ဆင့် အထည်ဆိုင်၊ ချူးချူး Fashion Shop နှင့် ပြိုင်ပွဲဝင် အလှမယ်များထံတွင် ဝယ်ယူနိုင် ကြောင်း သိရသည်။