ကော့သောင်းတွင် ထီလက်မှတ် ရောင်းအားထိုးတက်

0
375

ကော့သောင်းတွင် အောင်ဘာလေ ထီလက်မှတ်များကို စိတ်ဝင်စားသူများ လာပြီး ရောင်းအား ထိုးတက်ခဲ့ကြောင်း ထီလက်မှတ်အရောင်းဆိုင်များထံမှ သိရသည်။

ကျပ်ငါးရာတန် ထီလက်မှတ် မရောင်းချမီအချိန်က တစ်လလျှင် လက်မှတ် အုပ်ရေ ၂၀၀ ခန့်သာ ရောင်းရ ပြီး ကျပ်ငါးရာတန် ထီလက်မှတ် စတင် ရောင်းချချိန်မှ လေးကြိမ်မြောက်အထိ တစ်လလျှင် လက်မှတ်အုပ်ရေ ၈၀၀ ခန့် ရောင်းရကြောင်း ကောင်းသောင်းမြို့ ပေါ်ရှိ ထီလက်မှတ် အရောင်း ကိုယ်စား လှယ်များက ပြောသည်။

“ပေါက်တဲ့ လူတွေများလာတော့ ပိုရောင်းရတယ်” ဟု ရတနာသိန်း ထိုက်အောင် ထီဆိုင်မှ ကိုယ်စားလှယ် ဦးယဉ်ထွေးက ဆိုသည်။
သယ်ယူစရိတ်ကြီးသည့်အပြင် ထီလက်မှတ်ထည့်သည့်အိတ်နှင့် တံဆိပ်ဝယ်ယူရသည့်အတွက် ငါးရာ ကျပ်တန် ထီလက်မှတ်များကို ၆၀၀ ကျပ်ဖြင့်ရောင်းချသည်ဟု ထီလက်မှတ် အရောင်းကိုယ်စားလှယ်များက ပြော သည်။