နေအိမ်သို့သောက်သုံးရေ သွယ်လိုက လျှောက်ပါ

0
456

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်စု ၆ စုတွင် နေအိမ်သို့ သောက်သုံးရေ သွယ်တန်းလိုပါက လျှောက်လွှာဖြင့် လာလျှောက်ထားနိုင်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရ သည်။

ထားဝယ်မြစ်တစ်လျှောက်ရှိ ရေအခက်အခဲရှိသည့် လူနေအိမ်များကို လာမည့် ဩဂုတ်လတွင် သောက်သုံးရေ စတင်ဖြန့်ဝေပေးနိုင်ရန် မျှော်မှန်းထားပြီး လျှောက်လွှာများကို ဇွန်လ ၁ ရက် နေ့မှစကာ လက်ခံသွားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“လျှောက်လွှာတွေကို အခမဲ့ လာ ယူပြီး လျှောက်နိုင်တယ်၊ လျှောက်လွှာကို မြန်မြန်လာတင်ရင် မြန်မြန်ဖြန့်နိုင် မှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြော သည်။

ကလိုရင်း ခတ်ပြီးသည့် သောက် သုံးရေကို တစ်ရပ်ကွက်လျှင် ၃ နာရီခန့် အလှည့်ကျ ဖြန့်ပေးနိုင်ရန် မျှော်မှန်း ထားပြီး ရေသွယ်တန်းသူက ပင်မရေပိုက် လိုင်းမှ မိမိအိမ်သို့ သွယ်တန်းမည့် ရေပိုက်တန်ဖိုး၊ ရေမီတာ အစရှိ သည့် ကုန်ကျစရိတ်များကို ကျခံရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
ရေတစ်ယူနစ်လျှင် ကျပ် ၈၀၀ ဝန်း ကျင်ခန့် ကျသင့်နိုင်သည်ဟု ကနဦးမှန်း ထားပြီး သွယ်ယူသူများပါက ယင်း တန်ဖိုးထက် လျှော့နည်းလာနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

JACA နှင့် စည်ပင်သာယာရေး အဖွဲ့က ပူးပေါင်းလုပ်ဆောင်ထားသည့် အဆိုပါ မြို့ရေပေးဝေရေး အစီအစဉ်တွင် ကြက်စားပြင်၊ ဆန်းချီရပ်ကွက်အုပ်စု အတွင်းရှိ ဥတ္တရံတိုးချဲ့၊ တလိုင်းထိန် ရပ်ကွက်အုပ်စု၊ မြို့သစ်၊ သင်္ဘောဆိပ် ရပ်ကွက်များအတွင်းရှိ ထားဝယ်မြစ် တစ်လျှောက်ရှိ လူနေအိမ် ၂၀၀၀ ကိုဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာအဖွဲ့ထံမှ သိရသည်။

ယင်းအပြင် မျှော်အင်းကန်မှ သွယ်ယူထားသည့် ကလိုရင်း ခတ်ပြီး ရေကို ကျောက်မော်ရပ်ကွက်ရှိ လူနေအိမ် ၄၈၀ ဆောင်ကို ဖြန့်ဝေးပေးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာအဖွဲ့ထံမှ သိရသည်။