တိုင်းမြို့တော်က သိမ်းဆည်းမြေပြဿနာ အဆုံးသတ်ဘယ်တော့လဲ

0
389

မြေချရန် နောက်ဆုတ်ဝင်လာသည့် မြေသယ်ကား နောက်ဘီးလမ်းကြောင်း ပေါ် ဒေါ်ရီရီထွေး စန့်စန့်ကြီး လှဲချလိုက် သည်။ မြေသယ်ကားဆက်ဆုတ်မည်ဆိုကနောက်ဘီးဖြင့် တက်ကြိတ်မည့် အနေအထား။

မြေသယ်ကား နောက်တစ်စီး နောက်ဆုတ်ကာ ထပ်ဝင်လာသည်။ ဒေါ်ရီရီထွေး၏ မိသားစုဝင် အမျိုးသမီး တစ်ဦးက ဒေါ်ရီရီထွေးကဲ့သို့ လှဲချလိုက် ပြန်သည်။
နောက်ထပ်မြေသယ်ကားတစ်စီး ထပ်ဝင်လာသောအခါ ဒေါ်ရီရီထွေး လှဲနေရာမှပြေးထကာ ယင်းကားဘီး လမ်းကြောင်းပေါ် လှဲချလိုက်သည်။ ထိုအခါ ဒေါ်ရီရီထွေး ပထမအိပ်ခဲ့သည့် ကားကနောက်ဆုတ်သွားကာ လယ် ကွက်ထဲမြေများ လောင်းချလိုက်လေ သည်။

ယင်းလယ်ကွက်အနီး လမ်းပေါ် တွင် မြေအပြည့်တင်ထားသည့်ကား ၅ စီးခန့်ရှိနေလေသည်။ ရဲတပ်သား ၆၀ ခန့်ကလည်း မလှမ်းမကမ်းမှစောင့် ကြည့်နေကြသည်။ယင်းဖြစ်စဉ်သည် ထားဝယ်မြို့ ကမြောကင်း တံတားချဉ်းကပ်လမ်းနံ ဘေးတွင်မေလ ၁၄ ရက်နံနက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြေသယ်ကားများမှာ ထားဝယ် အများပိုင်ကုမ္ပဏီ (DDPC) က ၎င်းတို့ လုပ်ပိုင်ခွင့် ဂရန်ရထားသည်ဟု ဆို သောမြေပေါ်တွင် မြေလာဖို့ကြခြင်း ဖြစ်ပြီး ဒေါ်ရီရီထွေးတို့ကလည်း ၎င်းတို့ ပိုင်ဆိုင်သည်ဟုဆိုသော မြေကို ကာကွယ်နေကြခြင်း ဖြစ်သည်။

ယင်းပြဿနာမီးသည်မေလ ၂၀ ရက်ညနေအထိတော့မငြိမ်းသေး။ မည်မျှ ထိတငွေ့ငွေ့ ဆက်လောင်နေမည်ကို မည်သူမျှ မပြောနိုင်သေး။
ယင်းပြဿနာမီးပွားမှာ ၁၉၉၀ တွင်အစပျိုးခဲ့သော ထားဝယ်မြို့ပြ စီမံကိန်း မြေယာပြသနာကြီးထဲမှ တစိတ် တစ်ဒေသသာ။
မြို့ပြစီမံကိန်း ဖော်ဆောင်ရန် အတွက် လယ်သမားများပိုင်ဆိုင်သောလယ်မြေဧက ၃၀၀ ကျော်ပေါ်တွင် ရုံး အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာ များကို ဖော်ဆောင်ခဲ့ရာစီမံကိန်းဧရိယာ အတွင်းရှိ လယ်သမားများနှင့်တိုင်း/ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများအကြား ထိပ်တိုက်တွေ့မှုများစွာ ဖြစ်ပွားခဲ့သည်။

လယ်သမားများကထွန်တုံးတိုက်ပွဲများ၊ ကျိန်စာတိုက်ပွဲများ၊ ဆန္ဒပြပွဲ များလည်း ပြုလုပ်ခဲ့ကြသည်။ တိုင်ကြား စာများလည်း မြို့နယ်အဆင့်မှသည် သမ္မတအထိ အကြိမ်ကြိမ် တိုင်ကြားခဲ့ ကြသည်။သို့သော်လည်း လယ်သမားများသည်ထိပ်တိုက်တွေ့မှုများတွင်ပိုက်နက် ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောက် ယှက်မှု၊ ဆဲဆိုမှုစသည့်အမှုများဖြင့်တရားစွဲ၊ ထောင်ချခံခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင် ဖြစ်သည်။

လယ်သမားတစ်ချို့က သက်ဆိုင် ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုအကြိမ် ကြိမ်ပြုလုပ်ခဲ့ကြပြီးနောက်တွင် ဌာန ဆိုင်ရာမှပေးအပ်သော နစ်နာကြေး များကို လက်ခံလိုက်ကြကြောင်း ဘိုးဘွား ပိုင်မြေအတွက် ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် လျော်ကြေးလက်ခံခဲ့ သည့် ဦးသန်းထွန်းက ပြောသည်။
” စိတ်ကလည်း ရှုပ်လာတယ်၊ လယ်သမားအချင်းချင်းလည်း ရန် ဖြစ်လာကြတယ်၊ ဒါကြောင့်လျော်ကြေး ယူလိုက်တာ” ဟု ဦးသန်းထွန်းက ပြော သည်။
လျော်ကြေးမှာ လယ် ၃ ဧကလျှင် စီမံကိန်းဧရိယာအတွင်းရှိ ပေ ၄၀၊ ပေ ၆၀ မြေကွက်တစ်ကွက် နှုန်းစီဖြစ် သည်။

ဦးသန်းထွန်း၏ အဆိုအရ လက်ရှိ အချိန်တွင်လယ်သမား ၇၈ ဦးတွင် အမည်ပေါက်ပိုင်ရှင် ၁၁ ဦး လျှော်ကြေး မယူသေးဟု သိရသည်။
ထို့ပြင်မူလအမည်ပေါက်သူမှတစ် ဆင့်လက်ပြောင်းလက်လွဲ လုပ်ထား သည့် လယ်ပိုင်အမည် မပေါက်သေးသူ ၇ ဦးသည်လည်း လျော်ကြေး လက်မခံ ကြသေးဟု ဦးသန်းထွန်းကပြောသည်။ယင်း ၇ ဦးကလျော်ကြေးမယူသော အခါ အစိုးရနှင့်စီမံကိန်းအတွင်း မြေ အသုံးချခွင့်ရကုမ္ပဏီများက မူလလယ် ပိုင်ရှင်အမည်ပေါက်သူများကို လိုက်လံ ရှာဖွေကာ လျော်ကြေးပေးကြသည်။

ယခင်အမည်ပေါက် လယ်ပိုင်ရှင် တစ်ဦးဖြစ်သော ဦးဘအောင်ကို ၁ ဧက ငွေကျပ်သိန်း ၂၀ နှုန်းဖြင့်ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဂရုဏာ ကြေးပေးခဲ့ သည်ဟု DDPC ကုမ္ပဏီမှ အမည် မဖော် လိုသည့် အမှုဆောင် ဒါရိုက်တာတစ်ဦး က ဆိုသည်။ဦးဘအောင်သည်ကုမ္ပဏီမှပေး အပ်သည့် ဂရုဏာကြေးငွေ လက်ခံရရှိ ကြောင်း စာချုပ်တွင် နောင်ပြဿနာ များကို တာဝန်ယူဖြေရှင်းပေးမည်ဟု လက်မှတ်ထိုး ထားသည်။ သို့သော် ဦးဘအောင်ပိုင်သည့် လယ်မြေ ၄ ဧကခန့်ကို ဒေါ်ရီရီထွေးတို့ မိသားစုဝင်ဖြစ်သည့် ဦးစံလင်းအား ၂၀၁၁ တွင်လွှဲပြောင်းပေးထားပြီးဖြစ် ကြောင်း လွှဲပြောင်းစာချုပ်အရ သိရ သည်။ (ဦးဘအောင်အား တနင်္သာရီ အပတ်စဉ်မှ နှစ်ကြိမ်သွားရောက်မေး မြန်းခဲ့ရာ အသက်အရွယ်နှင့်ကျန်းမာ ရေးအခြေအနေအရ ခိုင်လုံသောအဖြေ မရရှိခဲ့ပေ။)

” ဦးဘအောင်ကို တရားစွဲလို့လည်း သူထောင်ကျယုံကလွဲပြီး ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး၊ အခုချိန်မှအသက် ၈၀ အဖိုးအိုကို ဒုက္ခမရောက်စေချင်ဘူး” ဟု ဒေါ်ရီရီထွေးက ပြောသည်။လက်ရှိဖြစ်ပေါ်နေသည့်လယ်ယာမြေပြဿနာများအား တိုင်းအစိုးရ အနေဖြင့်အဓိကထား ဖြေရှင်းပေးသင့် ကြောင်း ၎င်းက ဆိုသည်။
တိုင်းအစိုးရအဖွဲ့အနေဖြင့် မြေယာ ကိစ္စများကို အဆုံးအဖြတ်ပေး၍မရ ကြောင်း ဝန်ကြီးချုပ်က မေလ ၁၉ ရက်နေ့လယ်ပိုင်းတွင် တနင်္သာရီအပတ် စဉ်သို့ပြောသည်။

“အဲတော့ပထမနံပတ် ၁ က တရား မလမ်းကြောင်းနဲ့ ဖြေရှင်းရမယ်။ နံပတ် ၂ အချက်ကတော့မြေ/စီ(မြေယာစီမံခန့် ခွဲမှုကော်မတီ)က သွားရမယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။ထားဝယ်ခရိုင် လယ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ရီရီထွေးကမူ လက်ရှိဖြစ်နေသည့် ပြဿနာမှာ တရားမကြောင်းနည်းလမ်း အရ ဖြေရှင်းရမည့်ပိုင်ဆိုင်မှုအငြင်းပွား နေသော ကိစ္စရပ်မျိုး မဟုတ်ဘဲမြေသိမ်း စဉ်က ဥပဒေနှင့်အညီ သိမ်းယူခဲ့ခြင်း ရှိမရှိကိုသာ စိစစ်ပေးရန်အလိုရှိကြောင်း ပြောသည်။

” အရင်အစိုးရလက်ထက်က မြေ^စီ အဆင့်ဆင့်ကိုလည်း တင်ပြဖူးတယ်။ ဗဟို လယ်/စီက တောင် ဆင်းလာစစ်ဖူး တယ်။ ဘာမှမထူးလာဘူး။ အခုအစိုးရ လက်ထက်မှာလည်း လွှတ်တော်ကိုယ်စား လှယ်များရုံးကို တိုင်နိုင်တယ်ပြောလို့ တိုင်စာ ၅၀၀ နီးပါးပို့ဖူးတယ်” ဟု ဒေါ်ရီရီထွေးကပြောသည်။
မေလ ၁၉ ရက်နေ့ ည ၁၂ နာရီ ၆ မိနစ်တွင် တိုင်းအစိုးရ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာမှ ယင်းမြေယာ ကိစ္စကို သတင်းစာရှင်းလင်းပွဲပြုလုပ် မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။

အဆိုပါ မြေနေရာများသည် တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့၏ (၁၁.၅.၁၉၉၀)ရက်စွဲ ပါစာအမှတ်၊ ၅၄၀/၅-၄/တ၀တ ဖြင့်မြို့မြေအဖြစ်အသုံးပြုရန် ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃၉ အရဆင့်ဆို သတ်မှတ် ခဲ့သော ဧရိယာ (၁၀၀၄.၉၄၁)ဧကတွင် ပါဝင်သော နေရာများဖြစ်သောကြောင့် ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေအရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်သော နေရာများဖြစ်ပါ သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သတင်းစာရှင်းလင်းပွဲကို ပြုလုပ် ရန်စီစဉ်နေဆဲဖြစ်ပြီး DDPC နှင့် ဒေါ်ရီရီထွေးမိသားစု၏ အငြင်းပွားနေသည့်ပြဿနာကိုအဓိကထားရှင်းလင်းသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။ယင်းထားဝယ်မြေယာပြဿနာ တစ်ရပ်လုံးကို စောင့်ကြည့်နေသူများက သတင်းစာရှင်းလင်းပွဲသည် အဖြေတစ်ခု မဟုတ်ဟု သုံးသပ်ပြောဆိုကြသည်။

ထားဝယ်ဒေသအရေး တက်ကြွ လှုပ်ရှားသူ ဦးဇော်သူရ (ထားဝယ်သု တေသနအသင်းဥက္ကဋ္ဌ)က လတ်တလော ဖြစ်ပွားနေသည့် ထားဝယ်လယ်ယာ မြေပြသနာအား တိုင်းအစိုးရအဖွဲ့မှ အမြန်ဆုံး ကိုင်တွယ်အဖြေရှာသင့်သည် ဟု ပြောသည်။” အားလုံးမျက်နှာချင်းဆိုင်ပြောဖို့တော့လိုနေပြီ၊ မပြောသ၍တော့ ဒီကိစ္စ မပြီးဘူး၊ ထပ်ဖြစ်နေမှာ၊ ထပ်ဖြစ်တိုင်း ထပ်ဖြစ်တိုင်း အစိုးရပုံရိပ်လည်း ထိခိုက် နေမှာပဲ” ဟု ဦးဇော်သူရက ပြောသည်။

အစိုးရအဖွဲ့မှဦးဆောင်၍ကာယကံရှင်နှစ်ဦးဖြစ်သည့် လယ်သမား၊ ကုမ္ပဏီတို့အား ပါဝင်သင့်ပါဝင်ထိုက်သူများရှေ့တွင် မျက်နှာစုံညီတွေ့ဆုံ ဆွေးနွေးပွဲတစ်ခု အမြန်ဆုံးပြုလုပ်သင့် သည်ဟု ၎င်းက ထောက်ပြသည်။လယ်သမားများဘက်မှ ညှိနှိုင်း လာ မည်ဆိုပါက လူမှုရေးစိတ်ဓာတ်အပြည့်ဖြင့်ညှိနှိုင်း ပံ့ပိုးပေးသွားရန် ရှိကြောင်း DDPC ကုမ္ပဏီက အမည်မဖော်လိုသည့် အမှုဆောင် ဒါရိုက်တာက ပြောသည်။

သို့သော်မေလ ၂၀ ရက်နံနက်တွင် DDPC က အငြင်းပွား မြေကွက်ကို ခြံစည်းရိုး လာခတ်သည်။ ဒေါ်ရီရီထွေး က စည်းရိုးကွန်ကရစ်တိုင်များကို တွန်း လှဲလိုက်သည်။ထိုညနေတွင် ဒေါ်ရီရီထွေးနှင့် အဖော်တစ်ချို့က DDPC မှအခင်းဖြစ် မြေတွင်ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စိုက်ထူကာရံထားသော ခြံစည်းရိုးများ၊ လုံခြုံရေးကင်မရာနှင့်မီးများတပ်ဆင် ထားသည့်တိုင်များကို ထပ်မံတွန်းဖြို လိုက်သည်။

“မဖြေရှင်းဘဲ ဒီအတိုင်းဆက်သွား နေရင်တော့တုတ်ဆွဲ ဓါးဆွဲတွေဖြစ် နေဦးမှာပဲ”ဟု ဒေါ်ရီရီထွေးကဆိုသည်။