ထားဝယ်စီမံကိန်းပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ဆန်းစစ် အစီရင်ခံစာများ ဝန်ကြီးဌာနထံ တင်ပြထား

0
392

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ပတ်ဝန်းကျင်နှင့် လူမှု ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီ ရင်ခံစာများကိုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထံသို့ တင်ပြထားကြာင်း တနင်္သာရီတိုင်း ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်မည့် စီမံကိန်း ၁၀ ခုအတွက် ကနဦး ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ချက်( EIA )၊ ပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ လေ့လာဆန်း စစ်ချက် (ESIA)နှင့် ကနဦး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ် ချက်(IEE ) အစီရင်ခံစာများ တတိယ အဖွဲ့အစည်းများက ရေးဆွဲထားခြင်း ဖြစ်သည်။

” ဝန်ကြီးဌာနကို တင်ပြထားပြီး ပါပြီ။ ဒါပေမယ့် ဝန်ကြီးဌာနက လိုအပ် ချက်တွေကို ပြန်လုပ်ခိုင်းထားတာတွေရှိ တယ်” ဟု တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လ/ထ ညွှန် မှူးဦးထွန်းထွန်းဦးက ပြောသည်။

တင်ပြထားသည့် အစီရင်ခံစာများ ကို ဝန်ကြီးဌာနက စိစစ်ပြီး ကဏ္ဍအလိုက် ပြန်လည်လုပ်ဆောင်ရန် လိုအပ်သည့် အချက်များ (ဥပမာ- လူထုတွေ့ဆုံပွဲများ ထပ်လုပ်ရန်)ကို သက်ဆိုင်ရာ အဖွဲ့အစည်း များအား ပြန်လည် လုပ်ဆောင်ရန် ညွှန် ကြားထားကြောင်း ၎င်းက ပြောသည်။
အဆိုပါ အစီရင်ခံစာများကို ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ်ခန့်က စတင်ပြု စုခဲ့ကြခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနထံမှ သိရသည်။

eia_eisa