တိုင်းအတွင်းရှိ မြို့ဝင်ပေါက် ထွက်ပေါက်များ စစ်မည်ဟုဆို

0
478

တိုင်းအတွင်းရှိမြို့ဝင် မြို့ထွက် နေရာများတွင်ဖြတ်သန်းသွား လာသူ များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလက စစ်ဆေးခဲ့ရာ တုတ်၊ ဓားလက်နက်များ ဖမ်းမိခဲ့သည့် ဖြစ်စဉ်ကို နမူနာယူပြီး မလွှဲတောင်စစ်ဆေးရေးဂိတ် အပါအဝင် မြို့ဝင်၊ မြို့ထွက်နေရာများတွင် ဖြတ် သန်းသွားလာသူများကို အလျဉ်းသင့် သလို စစ်ဆေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ဆိုသည်။

“ပိတ်လိုက်တာကျတော့ အပြင် ကလာတဲ့လူတွေ ဦးထုပ်မဆောင်း တာ တို့ ဘာတို့ကို စစ်ပြီးသား ဖြစ်သွား တယ်၊ တုတ်ဓားလက်နက် တွေလည်း ရှာပြီးသားဖြစ်သွားတယ်” ဟု တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော သည်။မြို့အားလုံးတွင်မြို့ဝင် မြို့ထွက် နေရာများအပြင် နယ်စပ်ဂိတ် လမ်းပိုင်း များတွင်လည်း ယင်းကဲ့သို့ စစ်ဆေးမှု များကို ရေရှည်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

မြို့ဝင် မြို့ထွက် နေရာများတွင် နေ့ဖက်စစ်ဆေးသကဲ့သို့ မြို့တွင်း ဧရိယာတွင်လည်း ညဖက်စစ်ဆေးသင့် ကြောင်း ထားဝယ်မြို့တွင် နေထိုင်သူ ကိုဟိန်းအာကာက အကြံပြုသည်။]]မြို့ထဲမှာလည်း လက်နက်ကိုင်ပြီး သောင်းကျန်းနေတာတွေ ကြားနေရတော့ လမ်းဆုံတွေမှာ ညဖက် စစ်ဆေးသင့် တယ်}}ဟု ကိုဟိန်းအာကာက ပြောသည်။
၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ဓား ၅၈ လက်၊ သစ်သားတုတ် ၃၆ ချောင်း၊ သံတုတ်သံပိုက် ၁၉ ချောင်း၊ လေးခွ ၂၅ ခုနှင့် မျက်နှာဖုံး ၃၈၃ ခု အစရှိသည့် ပစ္စည်းများ သိမ်းဆည်း ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။