မောတောင်နယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
541

မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ် သည့် မောတောင်နယ်စပ်မြို့ အမှတ် (၃) ရပ်ကွက်တွင် မေလ ၁၀ ရက် ည ၉ နာရီအချိန်ခန့်က ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ ကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

သေနတ်ပစ်ခံရသူ ထိုင်းနိုင်ငံသား အသက် ၃၃ နှစ်ရှိ .Mr.Chai Ched သည် အမှတ် ၃ ရပ်ကွက် တကောဖောလူ ကျေးရွာရှိ ပြည်ဖြိုးထွန်းဆီအုန်းကုမ္ပဏီမှ စက်ယန္တရားပြင်ဆရာတစ်ဦး ဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။မောတောင်မြို့မှာ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းတည်ရှိသည်။

အဆိုပါထိုင်းနိုင်ငံသားသည် တကောဖောလူကျေးရွာအသွား ကားလမ်း ဘေးတွင် ဖုန်းပြောနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ယာဘက်ဦး ခေါင်းချိုစောင်းဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။

ထိုင်းနိုင်ငံသားအား သေနတ်ဖြင့် ပစ်ခတ် သွားသူအား ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တနင်္သာ ရီမြို့မရဲစခန်းထံမှ သိရသည်။