ကျွန်းစု စည်ပင်ဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

0
402

မြိတ်ခရိုင် ကျွန်းစုမြို့နယ် စည်ပင် သာယာရေးကော်မတီကို မေလ ၇ ရက် က ပြန်လည်ရွေးချယ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဒေါ်မိုးမိုးနွယ်က မဲအများဆုံးဖြင့် အရွေး ချယ်ခံခဲ့ရကြောင်း ယင်းကော်မတီရွေးချယ်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

စည်ပင်ကော်မတီကို ပထမအကြိမ် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရွေးချယ်ပြီး ဖြစ်ကာ ယခုသည် ဒုတိအကြိမ်မြောက် ရွေးချယ်ခြင်း ဖြစ်သည်။
“လိုအပ်ချက်အရ ပြန်ရွေးရတာပါ”ဟု ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင် မောင်သိန်းက ပြောသည်။
သို့သော် လက်ရှိ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သူနှင့် မြို့ခံတချို့ကမူ ပထမအကြိမ်ရွေးချယ်စဉ်က မြို့ပေါ်ရှိ ရပ်^ကျေးများမှမြို့မိမြို့ဖများ ပါဝင်ခဲ့ ခြင်း မရှိသည့်အတွက် ပြန်လည်ရွေးချယ် ခြင်းဖြစ်ကြောင်း ပြောသည်။

” အမျိုးသမီးတွေရဲ့ ပါဝင်ခွင့် စွမ်း ဆောင်ရည်ကို ပြချင်တဲ့အတွက် ဝင်ရောက် အရွေးခံရတာပါ”ဟု မဲအများဆုံး အနိုင် ရရှိခဲ့သူ ဒေါ်မိုးမိုးနွယ်က ပြောသည်။
အမျိုးသမီးတစ်ဦးအနေဖြင့် စည် ပင်သာယာရေးလုပ်ငန်းများကို လေ့လာ သင်ယူရင်း အများပြည်သူ ဆန္ဒနှင့်အညီ အကောင်အထည်ဖော် ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်မိုးမိုးနွယ် က ပြောပြသည်။

အဆိုပါ ကော်မတီရွေးချယ်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံသူ ၁၀ ဦးရှိပြီး ဒေါ်မိုးမိုးနွယ်(ကတ္တလူကျေးရွာ) မဲအရေ အတွက် ၂၀၊ ဦးသိန်းဝင်း(မရမ်းချောင်း ရွာ) ၁၃ မဲ အသီးသီးရရှိခဲ့ကြောင်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။လက်ရှိမဲအများဆုံးဖြင့် အနိုင်ရခဲ့ သူ ဒေါ်မိုးမိုးနွယ်နှင့် အဖွဲ့ဝင် ဦးသိန်း ဝင်းပါ စည်ပင်ကော်မတီအဖွဲ့ဝင် ၇ ဦး တို့၏ စာရင်းကို တိုင်းအစိုးရထံတင်ပြ ထားပြီးဖြစ်ကာ တိုင်းအစိုးရက အတည် ပြုစာ ပြန်လည်ရောက်ရှိပါက ဥက္ကဋ္ဌ တာဝန်ကို စတင် ထမ်းဆောင်ရမည်ဖြစ် ကြောင်းကျွန်းစုမြို့နယ်စည်ပင်ရုံးမှ သိရသည်။

အသက် ၄၃ နှစ်ရှိ ဒေါ်မိုးမိုးနွယ် သည် ဥယျာဉ်လုပ်ငန်းကို အဓိက ထား လုပ်ကိုင်နေပြီး ကျေးရွာရှိ လူထုဗဟို ပြုစီမံကိန်းတွင် ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာ ဝန်ထမ်းဆောင်ဖူးသည်။ထို့အပြင် ကျေးရွာဆယ်အိမ်မှူး၊ န၀ရတ်သစ်တော ထိန်းသိမ်းရေးအဖွဲ့နှင့် အခြား ပရဟိတလုပ်ငန်းများကို လုပ် ကိုင်ခဲ့ဖူးကြောင်း ကာယကံရှင် ဒေါ်မိုးမိုး နွယ်ထံမှ သိရသည်။