တံတားထိပ်က စစ်သားကြီးနှင့် ခဏတာ

0
1131

“ဟေ့.. ခဏရပ်”

ဆိုင်ကယ်မီးရောင်ရှေ့မှာ စစ်သား တစ်ယောက်။ လက်ထဲက ဓားရှည်ကြီး နဲ့ ဆိုင်ကယ်ကို လှမ်းတားနေတယ်။ နေရာက ထားဝယ်အထွက် လောင်းလုံး ဘက် စအဝင် ကမြောကင်းတံတားအလွန် လေး။

“အေးဆေးတားလည်း ရပါတယ် ဗျာ..၊ ၁၀၄ ကို လမ်းကြုံလိုက်မလို့မို့လား ”
အမှတ် ၁၀၄ ခြေလျင်တပ်ရင်းက ရဲဘော်တွေ ဒီနေရာက ဆိုင်ကယ်၊ ကား တားတားပြီး လမ်းကြုံလိုက်လေ့ ရှိတာ ကိုး။

” ဘယ်မှ လမ်းကြုံ မလိုက်ဘူးကွ၊ ငါက ဒီမှာနေတာ..”

တံတားမှာ တာဝန်ကျတဲ့ ရဲဘော် ထင်ရဲ့ပေါ့။ ညဘက်ကြီး ဓားရှည်နဲ့ ထွက်တားတော့ နည်းနည်း မှန်နေပြီပေါ့။ ရေချိန်မကိုက်သေးလို့ထင်ပါ့။ အိတ်ကပ် ထဲက ထောင်တန်တစ်ရွက် ရက်ရက်ရော ရော ထုတ်ပေးမိတယ်။

” ဟေ့ကောင်၊ ငါ သူတောင်းစား မဟုတ်ဘူး၊ ဗိုလ်မှူးကြီးကွ”

အတော် ခံပြင်းသွားတဲ့ အိုက်တင်နဲ့ ပြန်အော်တယ်။ရော်.. ခက်ပြီ၊ လမ်းကြုံလည်းမလိုက် စေတနာမုန့်ဖိုးလည်း မယူ။

” မူးဆေးအိုးဆိုတာ မင်းနော်..”

ဟ. . .၊ ငါ့ကို သူ ကောင်းကောင်း သိနေပါလား။ ညဘက်..၊ ဓားရှည်..၊ တည်ငြိမ်သွေးအေးတဲ့ မျက်နှာ။ မိခံဗျား ဒေဝါသိကြား မစပါ..။

“ကျွန်..တော်.. ရေး.. ခဲ့သမျှ…ထဲ…မှာ (အရေးထဲ အသံက ထစ်နေသေး) ဗိုလ်..ကြီးတို့ ထိ…ခိုက်တာ ဘာ..ပါသွား…မိ..ပါလိမ့်ဗျာ”
“ထိခိုက်လို့ တားတာပေါ့ကွ..၊ ကဲ ဆိုင်ကယ်ပေါ်က ဆင်း၊ ငါနဲ့ ခဏလိုက် ခဲ့”
ဘေးဘီကို ငှဲကြည့်တော့လည်း လမ်း သွားလမ်းလာက မတွေ့။

” အမငှီး..၊ ခဏ လိုက်ခဲ့ပါတဲ့ အရပ် ကတို့ရေ့..။ သူတို့ ခဏက နာမည် အတော်ကြီးခဲ့တာဗျ..”

မူးဆေးအိုး စိတ်ထဲကပဲ အော်ရဲ တယ်။ သူဦးဆောင် ဝင်သွားတဲ့ ဗိုလ်မှူး ကြီးဗထူးပန်းခြံထဲ ကုပ်ကုပ်လေး လိုက် သွားရသပေါ့။
သူက ဗထူးရုပ်တုအုတ်ခုံရင်းမှာ ထိုင်လိုက်ပြီး ကျွန်တော့်ကိုလည်း ဘေး မှာထိုင်ဖို့ မေးငေါ့ပြတယ်။

“ငါ ထိခိုက်တာက မင့်သရော်စာထဲ ငါ့အကြောင်းတွေ၊ ဒီနေရာတစ်ဝိုက် အကြောင်းတွေ တစ်ခါမှ ထည့်မရေးလို့ ကွ..”

” ဗျာ..”
” ဟုတ်တယ် သရော်စာဆရာရဲ့..၊ ခုနက မင့် ငါ့ကို ခြင်္သေ့ရုပ်နဲ့ ငွေစက္ကူ မုန့်ဖိုးဆိုပြီး ထုတ်ပေးတယ်ဟုတ်၊ ဒီကိစ္စ ဖြစ်နေတာ ငါ ဒီ စရောက်ကတည်းက ခုထိ တစ်ရက်မှ မပျက်ဘူး..၊ ဗိုလ်ချုပ် သမီး အစိုးရခေတ်ထိ ငါ့ရှေ့မှာတင် အဲလို ဖြစ်နေတာ မျက်နှာပူတယ်၊ အဲဒါရေး စမ်းပါဦးကွာ”

ဪ..၊ ဒီ စစ်သားကြီးက သူ့ အတွေ့အကြုံတွေကို သရော်စာ ရေးခိုင်း ချင်လို့ ကျွန်တော့်ကို တားတာကိုး..။ လောလောဆယ် သူ့အလိုလိုက်ပြီး စကားမျှော ထားမှပေါ့။

” ပိုက်ဆံပေးတာကို ပြောတာလား ဗျ..၊ ဘယ်သူက ဘယ်သူ့ကို ပေးတာ ဘာအတွက် ပေးတာကို ပြောတာလဲဗျ..”

စစ်သားကြီးက အဲလောက်လေး တောင် မသိရကောင်းလား ဆိုတဲ့ မျက်နှာ ပေးနဲ့ ပြန်ဖြေတယ်။

” ဒီ ကမြောကင်း တံတားထိပ် တစ်ဝိုက်မှာ ရိုးရိုးလူတွေက အဲလိုငွေ စက္ကူတွေ ထုတ်ထုတ်ပေး။ ဝတ်စုံတစ်စုံ နေ့တိုင်းဝတ်သူတွေက သူတို့ဘောင်းဘီ အိတ်ထဲ ထိုးထိုးထည့်နေတာ လူတိုင်းသိ တယ်ကွ၊ မင်းတို့ သတင်းစာဆရာတွေ မမြင်ချင်ယောင်ဆောင်ထားတာ မဟုတ် လား”

အော..၊ သတင်းစာ ဆရာတွေဆိုပြီး ပါလာတော့ မူးဆေးအိုးတို့က မခံချင်။ ဒီစစ်ဗိုလ်ကို မီဒီယာသမားတွေရဲ့ စပ်စပ် စုစု တိကျမှုကို ပြရမှာပေါ့..( ကိုယ့်ဂွင်ထဲ ဝင်လာတော့ ထုံးစံအတိုင်းပေါ့နော)။

” ဗိုလ်ကြီးပြောတဲ့ ရိုးရိုးလူဆိုတာ က ”
“ဟ..၊ လမ်းသွားလမ်းလာတွေ၊ ကားမောင်းတဲ့လူတွေ၊ သုံးဘီးမောင်းတဲ့ လူတွေကို ပြောတာပေါ့ကွ”
” အင်း.. ထားပါတော့၊ ဝတ်စုံတူ နေ့တိုင်းဝတ်ဆိုတာကရောဗျ”

“အင်း..၊ ဒီလူတွေတော့ ငါ သေချာ မသိဘူးကွ၊ ငါ့ခေတ်က အဲလိုဝတ်ပြီး ငွေစက္ကူတောင်းတာ မရှိဘူးရယ်၊ အပေါ် ဖြူ အောက်စိမ်းလား မသိပါဘူး၊ ခရာက တော့ ပါးစပ်က မချွတ်ဘူးရယ်”

သူ့ စကားပြောပုံက မူမမှန်သလို လိုရယ်။ ဗိုလ်အဆင့်ပုဂ္ဂိုလ်တစ်ယောက် က ဗိုလ်ချုပ်အောင်ဆန်းကို”တ” တာ ကြားရခဲသပါ့။ နောက်ပြီး ငါ့ခေတ်ဆိုတာ လည်းပါသေး။

“ဒါနဲ့ ခင်ဗျား ဗိုလ်မှူးကြီးဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
” နှစ် ၇၀ ကျော်”
“ဘာ…၊ အဲ.. ဗျာ..”
ကျွန်တော် ကယောင်ကတမ်း အော် တော့ စစ်သားကြီး တွန့်သွားတယ်။

“ငါ တကယ်ပြောတာပါကွာ၊ ငါ စစ်သားကလေးဘ၀ကနေ ကျဆုံးပြီးတဲ့ အချိန်ထိ အဲလို လာသမျှယာဉ် လှမ်းလှမ်း တားရင်း ဘောင်းဘီအိတ် ဖောင်းကား သွားတဲ့ မာထန်ထန်ဝီစီသမား မတွေ့ ဖူးပါဘူး”

စစ်သားကြီး စကားအဆုံး ကျွန် တော် ကြက်သီးဖြန်းဖြန်းထလာတယ်။

ကျဆုံးတဲ့ အချိန်ထိတဲ့.. ဘုရား.. ဘုရား။ ည ကလည်း ပိုပိုနက်လာပြီ..၊ ပန်းခြံထဲမယ် သူနဲ့ကျွန်တော် နှစ်ယောက် တည်းရယ်လေ..။ မူးဆေးအိုး ဆိုတာက သတင်းစာမှာပဲ အာကျယ်ရဲတာ။ ဒါမျိုး တော့ မူးဆေးအိုးတို့ သတ္တိမရှိ။ စကား မြန်မြန်ဖြတ်မှ..။

“ကဲကဲ စကားကောင်းနေတာ ည အတော်နက်နေပြီ.. မနက် ဆက်ပြောကြ တာပေါ့..၊ ဗိုလ်ကြီးနာမည် ပြောထား လေ”
“ဗိုလ်မှူးကြီး ဗထူး”
“ဘာ….”

ကျွန်တော့်အသံ ဘယ်လောက်ကျယ် သလဲဆို စစ်သားကြီးတောင် လန့်ပြီး တုန်သွားတယ်။ ကျွန်တော် ထရပ်တယ်။ မသိမသာ ခိုးပြီး ဗထူးရုပ်တုရှိတဲ့ အုတ်ခုံ အပေါ်ကို မော့ကြည့်တယ်။

” အီး..ဟီး ဟီး” လို့ အသံတိတ် ငိုမိတယ်။ အုပ်ခုံပေါ်မှာ ဟန်ပါပါ ရပ်နေ တဲ့ ဗိုလ်မှူးကြီး ဗထူးရုပ်က မရှိ။
” ခဏ ပြန်ထိုင်ပါဦးကွာ ပြောစရာ ကျန်သေးလို့”
ကျွန်တော့်လက်ကို မာကျောကျော အေးစက်စက် လက်ကြီးတစ်ဖက် တင်း တင်းလာဆုပ်ထားတယ်။
“အီး…”
ကျွန်တော် ခွကြားမှာ စိုရွှဲကုန်ပြီ..။
“ခုနက ငါမှာတဲ့ အကြောင်းတွေ ရေးပေးနော်..”
“ဝုတ်ကဲ့ပါခင်ည”

မူးဆေးအိုး စကား မပီနိုင်တော့ဘူး။

” ငါလို တိုင်းသိပြည်သိ ဗိုလ်မှူး ကြီးတစ်ယောက်ရှေ့မှာ ဒီလူတွေ ဆယ် စုနှစ်ချီ မျက်နှာပြောင်တိုက် သူတောင်း စားလို ကျင့်ရဲတာအံ့ပါရဲ့ကွာ..”
” ခုတော့ ပြောင်းလဲဖို့ အချိန် တန်ပြီ လေ..”

ဟုတ်ပါ့။ သူ့ဘက်က ကြည့်တော့ လည်း မခံချင်စရာ။

“နောက်ပြီး ဟိုဘက်ကမ်းမှာ ၂၄ နာရီမီး ရနေပြီဆို၊ ဟိုဘက်ကမ်းက မီး အလင်းရောင်ကတော့ ညတိုင်းထိန်ထိန် သာပဲ့ဟေ့၊ ပျက်တယ်ကိုမရှိ။ ငါ့ ပန်းခြံ လေးလည်း လျှပ်စစ်မီး ထွန်းပေးဖို့ ရေး ပေးဦး..”
ဒါတော့ မူးဆေးအိုး နည်းနည်း အထွန့်တက်လိုက်တယ်။

” ဗိုလ်မှူးကြီးတို့ လောင်းလုံးသားကိုယ်စားလှယ်တွေဖြစ်ဖြစ်၊ ဝန်ကြီးကို ဖြစ်ဖြစ် ခုလိုတားပြီး ပြောကြည့်ပါလား ခင်ည။ မူးဆေးအိုးရေးနေတဲ့ ဂျာနယ်က တစ်စောင် ၅၀၀ တန်၊ ဟိုက တစ်လ သိန်း ၂၀ ကနေ ၅ သိန်းထိ တန်တဲ့လူတွေ လေဂျာ”

ဗိုလ်မှူးကြီးဗထူး မျက်နှာလေး ညိုးကျသွားတယ်။

” ဆင်း မတားရဲပါဘူးကွာ..၊ တော် ကြာဘယ်က ကလေက၀လည်း ဆို ပြီး ကားရပ်ပြီး နားရင်းဆင်းအုပ်မှဖြင့်၊ သူတို့ ပြန်တောင်းပန်ရင်တောင် ရှက်စရာ ကြီး”

ဗိုလ်မှူးကြီးက သူပန်းခြံရှေ့ ဓာတ် မီးတိုင်ကြီးတွေကို ကြည့်ရင်း မကျေ မချမ်းပြောတယ်။

” ငါ့ခြံရှေ့မှာတော့ မီးတိုင်ကြီး ငယ်တွေ မှိုလိုပေါက်၊ ငါကတော့ မစားရ အညှော်ခံ အမှောင်ထဲ တစ်ယောက်တည်း အထီးကျန်ပေါ့ကွာ၊ ဒါကြောင့် မင့်က တစ်ဆင့် ရင်ဖွင့်ရအောင် တားမိတာ ခွင့်လွှတ်ပါ”

“အင်းဗျာ ရေးဆိုလည်း ရေးပါ့မယ်၊ တွားတော့မယ်ညော်..”
” တစ်ခုကျန်သေးတယ်ကွ၊ ဟိုရုံး ကြီးမှာ ထိုင်တဲ့ တိုင်းအစိုးရထိပ်ထားလေး ကိုလည်း ပြောလိုက်”

” ဟုတ်၊ သူ ကျွန်တော်တို့မြို့ကိုလာ လို့ သူ့ပါတီဝင်အပြင် ကျွန်တော်တို့လို သာမန်လူတွေ တွေ့ခွင့် စကားပြောခွင့် ရတာနဲ့ ပြောပေးပါမယ်၊ ဘာပြောရမလဲ ဟင်”

” နောက်တစ်ခါ ငါ့မွေးနေ့ပွဲ လုပ် ရင်လို့”

” ဟုတ် ”

” အရင် နှစ်တရာပြည့်မွေးနေ့တုန်း ကလို ဟဲ ပီး ဘတ် ဒေး ဒူး ယူ သီချင်း မဆိုပြပါနဲ့လို့”

” ဟုတ်..၊ ဘာသီချင်း ဆိုခိုင်းရမှာ လဲဟင်..”
” ဆုတောင်း မှားခဲ့လေသလား….ကွယ်..၊ အဲဒီသီချင်း ဆိုပြလို့”

အင်..၊ ဘာမှလည်း ဆိုင်ပဲနဲ့။
“သူက ကျွန်မတို့အစိုးရ အဲဒီသီချင်း မဆိုတတ်ပါဘူးဆိုရင်ရော ဗိုလ်မှူးကြီး ရဲ့..”
“သူ ဒါတော့ ဆိုတတ်လောက်ပါ တယ်လေ..၊ နောက်ပြီး ငါ့ရွာမှာလည်း ငါ့ရုပ်တု ထုပြီးထားဦး မလို့ဆို၊ ခုလို ကျီးထိုးထိုး ခွေးဆွဲဆွဲဆိုပြီး အမှောင်ထဲ တော့ ပစ်မထားကြဖို့ ပြောပေး ပါကွာ..နော်”

” ပစ်မထားလောက်ပါဘူး။ ဗိုလ်ကြီး ရယ်” လို့လေပြေထိုးရပေါ့..။

” အဲဒီရုပ်တုကို ဘယ်ကျီးမှ မထိုးနိုင် ဘူးထင်တယ်ဗျ၊ ကြေးရုပ်ကြီးကိုး၊ ခွေးလည်း မဆွဲနိုင်လောက်ပါဘူးဗျာ၊ လူ ၂ ရပ်ကျော်တောင် မြင့်တော့ အလေး ကြီးကိုး ”
အဲလိုဆိုတော့ သူက မယုံမကြည် မျက်နှာပေးနဲ့။ ခံရဖူးခဲ့ပြီကိုး။

မူးဆေးအိုးလည်း ပြောရင်း ဆိုင် ကယ်နားလာ၊ စက်နှိုး၊ လီဗာတင်၊ ဝူးကနဲခါးနီး ဗိုလ်မှူးကြီးကြားအောင် ဆက်အော်ပြောလိုက်တယ်။

“မသကာ ကျီး ချီးပါ၊ ခွေးသေးပန်းရုံ လောက်ပါ”

အဲမှာ ဗထူးကြီးက ဒေါကြီးမော ကြီးနဲ့ အတင်းပြေးလိုက်လာတယ်။ မူးဆေးအိုး ရင်တုန်ပန်းတုန်နဲ့ ဆိုင်ကယ် လီဗာကုန် မောင်းပြေး။

— —
အမယ်လေး . . . အိပ်ယာက လန့်နိုးတဲ့အထိ ရင်တုန်ဆဲ။

ဗိုလ်မှူးကြီးဗထူးရုပ်တု လုပ်ခဲ့တဲ့ သူတွေ၊ သူ့ရွာမှာ ဆက်လုပ်ကြမယ့်သူတွေ ဘယ်လိုနေလဲတော့ မသိ။

မူးဆေးအိုးတော့ အဲဒီအိပ်မက် မက်ပြီးကတည်းက ထားဝယ်သားသူရဲ ကောင်းကြီးရှေ့ ညဘက်ဆို လုံးဝ မဖြတ် ရဲတော့။ (မှောင်နေလို့ပါဗျာ.. ဟီး)။
မလွှဲမရှောင်သာ နေ့ဘက် ဖြတ်မိ တိုင်းလည်း ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ် စားလှယ်တွေထုံး နှလုံးမူပြီး အလုပ်များ နေသယောင်ယောင်နဲ့ မျက်နှာလွှဲ မမြင် ချင်ယောင်ဆောင် သွားနေမိလေရဲ့။