ကုန်ဈေးနှုန်းကြောင့် ပညာရေး ဘော်ဒါအများစု ဈေးတက်

0
394

ကုန်ဈေးနှုန်းတက်ခြင်းကြောင့် ထားဝယ်ဒေသတွင်းရှိ ပညာရေးဘော်ဒါ ဆောင်အများစု ကျပ်တစ်သိန်းခန့် ဈေး တက်လာကြောင်း ထားဝယ်မြို့ပေါ် ဘော်ဒါပိုင်ရှင်အချို့ထံမှ သိရသည်။

ယခင်နှစ်က တက္ကသိုလ်ဝင်တန်း (၁၀တန်း) ကျောင်းသားတစ်ဦးလျှင် ဘော်ဒါကြေးအဖြစ် ၁၃ သိန်းခွဲခန့်သတ် မှတ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကုန် ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ငွေကျပ် ၁၅ သိန်းအထိ ဈေးမြှင့်ခဲ့ရကြောင်း ထားဝယ်မြို့ရှိ ဆုပြည့်ဘော်ဒါဆောင် ပိုင်ရှင်ဖြစ်သူ ဦးရာဇာစိုးက ဆိုသည်။
” လက်ရှိအနေအထားအရ ဈေးတက် မှပဲ ရတော့မယ်၊ ကုန်ဈေးနှုန်းတွေ တက် လာလို့” ဟု ဦးရာဇာစိုးက ပြောသည်။

ဘော်ဒါအဆောင်များ၏ နာမည် ကျော်ကြားမှုအပေါ်မူတည်ကာ ကျောင်း သားတစ်ဦးလျှင် ကောက်ခံသည့် ငွေ ကြေးပမာဏ ကွာခြားမှုရှိသည်။
ဝန်ဆောင်မှုစရိတ်များနှင့် အဆောင် အတွက် နေအိမ်ငှားရမ်းခများ ဈေးနှုန်း မြင့်လာသည့်အတွက် ကျောင်းသား တစ်ဦးလျှင် ငွေကျပ်တစ်သိန်း ဈေးတက် ခဲ့သော်လည်း ဘော်ဒါဆောင် ကျောင်းသား ဟောင်းများကိုမူ ဈေးပိုမယူကြောင်း ရွှေဂုဏ်ထူးဘော်ဒါဆောင် ပိုင်ရှင်ဖြစ်သူ ဦးဇော်ညွန့်က ဆိုသည်။
” ဝန်ဆောင်မှု ကောင်းကောင်း ပေး ချင်လို့ ဈေးနည်းနည်း တင်လိုက်တာ ပါ” ဟု ဦးဇော်ညွန့်က ပြောသည်။

ယမန်နှစ်က ၁၀ တန်း ကျောင်း သားတစ်ဦးလျှင် ငွေကျပ် ၁၄ သိန်း ယူနေရာမှ လက်ရှိတွင် ၁၅ သိန်းဖြင့် လက်ခံနေကြောင်း ၎င်းကဆိုသည်။
ဘော်ဒါဆောင်အများစုတွင် ကျောင်း သားများကို တစ်ရက်လျှင် ထမင်း ၃ နပ် ကျွေးပြီး ဆင်တူအင်္ကျီများပါ ထုတ်ပေး သည်။ထားဝယ်မြို့တွင် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းသာ လက်ခံသည့် ဘော်ဒါ များရှိ သကဲ့သို့ ၅ တန်း၊ ၆ တန်းမှ ၁၀ တန်းအထိ လက်ခံသည့် ဘော်ဒါ ဆောင်များလည်း ရှိသည်။

ထားဝယ်မြို့ပေါ်တွင် တရားဝင်ဖွင့် လှစ်ထားသည့် ဘော်ဒါဆောင် ၅၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမများက ဘော်ဒါပုံစံဖြင့် အိမ်နေ အိမ်စား သင် ကြားနေသည်များလည်းရှိကြောင်း ဘော် ဒါဆောင် အသိုင်းအဝိုင်းထံမှ သိရသည်။