ဖဲဝိုင်းဝင်ဖမ်းသည့်အိမ်တွင် မူးယစ်ဆေးဝါး ဖမ်းမိ

0
427

ကော့သောင့်းမြို့၊ အောင်သုခရပ် ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဖဲဝိုင်းဝင် ဖမ်းခဲ့ရာ ဖဲဝိုင်းမတွေ့ဘဲ မူးယစ်ဆေး ဝါးများ ဖမ်းမိခဲ့ကြောင်း ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်က သတင်းအရ ဖဲဝိုင်းဝင်ဖမ်းခဲ့ရာ ဖဲဝိုင်း မတွေ့ဘဲ ယင်းအိမ်တွင် ရောက်ရှိနေသည့် အသက် ၅၅ နှစ်အ ရွယ် အမျိုးသမီး တစ်ဦးထံမျွှ့ ဆေးပြား ၁၆၁ ပြားနှင့် ဆေးပြားရောင်းချထားသည့် ပိုက်ဆံ များကိုပါ ဖမ်းမိခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။
အဆိုပါ အမျိုးသမီးသည် WY ဆေးပြားများကို အမျိုးသားတစ်ဦးထံမှ တစ်ပြားလျှင် ကျပ် ၂၂၀၀ ဖြင့် ဝယ်ယူ လာခဲ့ခြင်းဖြစ်ပြီး ယင်းနေအိမ်တွင် ရရန် ရှိသည့် အကြွေးတောင်းရန် ရောက်ရှိ နေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းရဲ စခန်းထံမှ သိရသည်။

မူးယစ်စိတ်ကြွဆေးပြားများ၊ ငွေ ကြေးများ လက်ဝယ်တွေ့ရှိခဲ့သည့် အမျိုး သမီးနှင့် မူးယစ်ဆေးများရောင်းချပေးခဲ သူ အမျိုးသားတို့ကို မူး^စိတ်ပုဒ်မ ၁၅^၁၉(က)^၂၀(က)^၂၁အရ အမှုဖွင့် ထားကြောင်း ကော့သောင်းမြို့မ ရဲစခန်း ထံမှ သိရသည်။