စိတ်ကြွဆေးပြား ထောင်ချီဖမ်းဆီးရမိ

0
394

မြိတ်မြို့တွင်ယခုလ(ဧပြီ ၂၁အထိ)အတွင်း WY စိတ်ကြွဆေးပြားထောင်ချီ ဖမ်းဆီးမှု နှစ်မှု ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။
ဧပြီလ ၁၁ ရက်က WY စိတ်ကြွ ဆေးပြား ၈ ထောင်နီးပါးနှင့် ဘိန်းစာ မှုန့်၊ ဆေးခြောက်များကို ကန်ဘောင်ရိုး ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်နှင့် ပါရမီ ရပ်ကွက်ရှိ နေအိမ်တို့မှ ဖမ်းဆီးရမိခဲ့ ကြောင်း ရဲစခန်းမှ သည်။

 
ယင်းဖြစ်စဉ်တွင် ဦးကောင်းမြတ် နှင့် ဦးစိုးနိုင်ဆိုသူအား မူးယစ်ဆေးဝါး ပုဒ်မများဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

 
ထို့ပြင် ဧပြီလ ၁၉ ရက်က ပုလဲဒီပါရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသူနှင့် ယင်းနှင့် ဆက်စပ်မှုရှိ နေသည့် မြစ်မရပ်ကွက်ရှိ နေအိမ်တစ် ဆောင်တို့မှ WY စိတ်ကြွဆေးပြား ၄၀၀၀ ကျော်၊ ICE အမျိုးအစား (၀ ဒသမ၇၅) ကီလိုဂရမ်၊ ဘိန်းစာမှုန့် တစ်ချို့ပါ စုစုပေါင်း လူ ၈ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်း အရ သိရသည်။

 
ယင်းဖြစ်စဉ်တွင် ဟိုတယ်တွင် ဖမ်းမိသူ ၂ ဦးနှင့် နေအိမ်တွင် ဖမ်းဆီး ရမိသူ ၆ ဦးတို့အား မူးယစ်ဆေးဝါးပုဒ်မ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း ယင်းရဲစခန်းမှ သိရသည်။