မိရိုးဖလာ မျှောပိုက်လှေအသင်းများ စဖွဲ့

0
402

လောင်းလုံးမြို့နယ်အတွင်းရှိ ပင် လယ်ငါးဖမ်းလုပ်ငန်းအဓိက လုပ်ကိုင် သည့် သဘော့ဆိပ်၊ ပြင်ကြီးနှင့် ကမ်း ပနီကျေးရွာတို့တွင် မိရိုးဖလာ မျှောပိုက် လှေအသင်းများ စတင်ဖွဲ့စည်းခဲ့ပြီး ဖြစ် ကြောင်း အသင်းတာဝန်ရှိသူများနှင့် အသင်းဖြစ်မြောက်ရေး ကူညီကြသူများ ထံမှ သိရသည်။

 
သဘော့ဆိပ်-ပြင်ကြီး မိရိုးဖလာ မျှောပိုက်လှေများအသင်းကို ဧပြီလ ၁၀ ရက်တွင် အသင်းဝင် ၅၆ ဦးဖြင့်လည်း ကောင်း၊ ကမ်းပနီ မိရိုးဖလာ မျှောပိုက် လှေများအသင်းကို ဧပြီလ ၁၇ ရက်တွင် အသင်းဝင် ၁၅ ဦးဖြင့်လည်းကောင်း ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။
မိရိုးဖလာ မျှောပိုက်လှေများ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ထာဝ စဉ်တည်တံ့သော ကမ်းနီးရေလုပ်ငန်းကို ဖော်ဆောင်ရန်၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပြီး ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန် ရည်ရွယ်ချက် များဖြင့် အသင်းဖွဲ့စည်းရခြင်း ဖြစ် ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

 
” ငါးသယံဇာတလည်း ထိန်းသိမ်းမယ် ပေါ့၊ ကျွန်တော်တို့အဖွဲ့တွေ စုစုလုံးလုံး နဲ့ပေါ့၊ အဲလို(ငါးသယံဇာတ ပြုန်းတီး မှုဖြစ်နိုင်တဲ့ ငါးဖမ်းဆီးမှုများ)ဆို ကျွန် တော်တို့အဖွဲ့တွေက ကန့်ကွက်မယ်ပေါ့ တရားဝင်”  ဟု သဘော့ဆိပ်- ပြင်ကြီး အသင်းဥက္ကဋ္ဌ ဦးထွန်းသိန်းက ပြော သည်။

 
ယင်းအသင်းများအား အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဦးစီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့၏ ဦး ဆောင်မှုဖြင့် ထားဝယ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ထားဝယ်သုတေသနအသင်း တို့မှ ပူးပေါင်းကူညီခဲ့ပြီး ထားဝယ် ခရိုင်အတွင်း အလားတူအသင်းများ ပေါ် ပေါက်လာရန်ဆက်လက် ကူညီ ဆောင် ရွက်ပေးသွားမည်ဟု ထားဝယ်သုတေ သနအသင်းဥက္ကဋ္ဌ ဦးဇော်သူရက ပြော သည်။
လက်ရှိ ဖွဲ့စည်းပြီးသော အသင်း များ တရားဝင်ဖြစ်စေရန် သက်ဆိုင်ရာ အစိုးရဌာနနှင့် လွှတ်တော်များသို့ တင်ပြ သွားမည်ဟု သိရသည်။
၂၀၁၅- ၁၆ ခုနှစ် ငါးလုပ်ငန်း ဦးစီဌာန၏ စာရင်းအရ ထားဝယ်ခရိုင် တွင် ကမ်းနီးငါးဖမ်းလှေ စက်တပ်/စက်မဲ့ စုစုပေါင်း ၁၈၅၅ စီး ရှိကြောင်း သိရ သည်။