အာရှပစိဖိတ် ချန်ပီယံရှစ် ကရာတေးပြိုင်ပွဲတွင် ထားဝယ်သားတစ်ဦး သွားပြိုင်မည်

0
376

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာရှ-ပစိဖိတ် ချန်ပီယံရှစ် ကရာတေး ပြိုင်ပွဲ၌ ထားဝယ်သားကရားတေး ကစားသမားတစ်ဦး သွားရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်းသွား ပြိုင်မည့်ကစား သမားထံမှ သိရသည်။
လာမည့် မေလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ကျင်းပမည့် အဆိုပါဖိတ် ခေါ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ထားဝယ်သားတစ်ဦးနှင့် ရန်ကုန် မြို့နေ ကစားသမားတစ်ဦးတို့ သွားရောက် ယှဉ်ပြိုင်ကြမည်ကြောင်း သွားပြိုင်မည့် ကစားသမားဖြစ်သူ ကိုရဲအောင်က ဆို သည်။
” ထားဝယ်သားတွေရဲ့ လုပ်နိုင် စွမ်းကို ပြချင်လို့ သွားပြိုင်တာပါ” ဟု ကိုရဲအောင်က ပြောသည်။
အဆိုပါ ချန်ပီယံရှစ် ဖိတ်ခေါ်ပြိုင် ပွဲတွင်ဂျပန်၊နယူးဇီလန်၊ တောင်ကိုးရီး ယား အစရှိသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံ ခန့် လာပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လာမည့် ၂၀၁၈ ခုနှစ်တွင် တရုတ် နိုင်ငံ၌ ကျင်းပပြုလုပ်မည့် နိုင်ငံပေါင်း ၈၀ ခန့် ပါဝင်မည့် ကမ္ဘာ့ပြိုင်ပွဲတွင် လည်း သွားပြိုင်ရန် ရည်မှန်းထားကြောင်း ကိုရဲအောင်က ပြောသည်။ကိုရဲအောင်သည် ဝါသနာပါသူ များကို ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်တွင် ကရာတေးသင်တန်း ဖွင့် လှစ်သင်ကြားပေးနေသည်။