ဥပဓိရုပ်မကောင်းသည့် ခရီးသည်ကားများ မပြေးဆွဲရန် သတိပေး

0
444

ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ ဥပဓိရုပ်မကောင်းသည့် ခရီးသည်တင်ကားများဖြင့် ပြေးဆွဲခြင်းမပြုရန် သတိပေးထား ကြောင်း တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာန (ပို/ဆက်)ထံမှ သိရသည်။

တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာမကျစေရန်နှင့် ယာဉ်စည်းကမ်းနှင့် ညီညွတ်မှုရှိစေရန် ဥပဓိရုပ်မကောင်းသည့် (အမြင်မတင့် တယ်) ကားများဖြင့် တိုင်းဒေသကြီးကျော်လွန်ကာ ပြေးဆွဲခြင်းမပြုရန် မတ်လပထမပတ်က ယာဉ်လိုင်းများသို့ စာထုတ် သတိပေးထားကြောင်း တိုင်းဒေသကြီး ပို့^ဆက်ဦးစီးမှူးက ဆိုသည်။

” အဓိကကတော့ မေတ္တာရပ်ခံပြီး သတိပေးတဲ့သဘောပါ၊ အရေးယူဖို့တော့ မရှိသေးပါဘူး” ဟု တိုင်းဒေသ ကြီး ပို့/ ဆက် ဦးစီးမှူး ဦးတင်စိုးက ပြောသည်။
ထို့အပြင် ၈ နာရီ ကျော်လွန်မောင်းနှင်ရမည့် ခရီးစဉ်များတွင် သတ်မှတ်ယာဉ်မောင်း ၂ ဦး ထားရန်၊ စပယ်ယာ (ယာဉ် အကူ)များ လုံးဝမမောင်းရန်၊ ယာဉ်ပေါ်၌ မူးယစ်ဆေးဝါးသယ်ဆောင်သူများ၊ ဘင်္ဂါလီများနှင့်သံသယဖြစ်ဖွယ်ရာများ ပါရှိပါ က နီးစပ်ရာရဲစခန်းကို အသိပေးအကြောင်းကြားရန် သတိပေး အကြောင်းကြားထားသည်။ ခရီးသည်တင်ကားများပေါ်တွင် ခရီးသည်ထံမှ မူးယစ်ဆေးများ ဖမ်းမိပါက ယာဉ်ပြေးဆွဲခွင့် ပိတ်ခံရသည့်အပေါ် ယာဉ်လိုင်းများအကြား ဝေဖန်နေမှုများ ရှိသည်။