ပင်လယ်ထဲ အမှိုက်ကောက်

0
385

ကုန်းပေါ်မှာပဲ အမှိုက်ကောက် အဖွဲ့တွေရှိတယ်လို့ မထင်ပါနဲ့။ ပင်လယ်ထဲမှာ အမှိုက်ကောက်တဲ့ ပရဟိတ အဖွဲ့တွေလည်း ရှိပါတယ်။
Myanmar Underwater Federation အဖွဲ့လို့ ခေါ်တဲ့အဖွဲ့က ပင်လယ်ထဲက အမှိုက်တွေကို လိုက်လံ ဆယ်ယူနေပါတယ်။

ခရီးသွားကုမ္ပဏီတစ်ခုရဲ့ အခမဲ့ ပို့ဆောင်ကူညီမှုနဲ့ ယခုလို လိုက်ကောက် တာဖြစ်ပြီး ရေအောက်မှာ ငါးဖမ်းပိုက် အဟောင်းတွေကို အများဆုံးတွေ့တယ် လို့ ဆိုပါတယ်။ “ရေအောက်မှာ အများဆုံးတွေ့ ရတာက ငါးဖမ်းလှေက ပိုက်အပျက်တွေ ပဲ၊ တချို့ကမ်းတွေမှာ ဖော့ဘူးတွေ ပလပ်စတစ်တွေ အများကြီး တွေ့ရ တယ်” လို့ ရေငုပ်ဆယ်ယူပေးနေတဲ့ မသန္တာက ပြောပါတယ်။

အဲဒီပိုက်အဟောင်းတွေဟာ ငါး ဖမ်းလှေတွေက ပြတ်ကျန်ခဲ့တာလို့ ယူဆရပြီး ရေအောက် သန္တာကျောက် တန်းတွေနဲ့ ငြိပြီး ရှားပါး ငါးမျိုးနွယ်တွေ၊ ငမန်းမျိုးနွယ်တွေ မကြာခဏ လာငြိပြီး သေဆုံးတာ ကြုံရတယ်လို့ ဆိုပါတယ်။ ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှူး ဦးကျော်သက်က လက်ရှိမှာ လက်ကမ်း စာစောင်များဖြန့်ဝေ အသိပညာပေးဖို့ ညွှန်ကြားထားပြီး အခါအားလျော်စွာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပင်လယ်ထဲ အမှိုက်ကောက်နေတယ်လို့ ပြောပါတယ်။