ကံပေါက်ရွာ သမိုင်းမှတ်တမ်း အထောက်အထား စတင်စုဆောင်း

0
452

ရေဖြူမြို့နယ်ရှိ ကံပေါက်ကျေးရွာ အကြောင်းကို သမိုင်းမှတ်တမ်းပြုစု ရန်အတွက် အထောက်အထားများ စု ဆောင်းလျက်ရှိကြောင်း သိရသည်။

မတ်လ ၁၀ ရက်က ကံပေါက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့်အစည်းအဝေးတွင် ကံပေါက်ရွာ သမိုင်းမှတ်တမ်း ပြုစုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခင် ခေတ် အဆက်ဆက်က ကံပေါက်ရွာနှင့် ပက် သက်သည့်သမိုင်းအထောက်အထား မရှိခဲ့ဖူးသဖြင့် ယင်းသို့ စီစဉ်ရခြင်း ဖြစ် ကြောင်း ဦးဆောင်စီစဉ်ရာတွင် ပါဝင် သည့် ဦးကျော်မိုးဦးက ပြောသည်။

” သက်ကြီးရွယ်အို၊ လူလတ်ပိုင်း တွေဆီက သူတို့သိတဲ့ ကံပေါက်နဲ့ ပက် သက်တဲ့ အချက်အလက်တွေ စုဆောင်း နေပါတယ်” ဟု ဦးကျော်မိုးဦးက ဆိုသည်။
ကံပေါက်ရွာ၏ တည်နေရာ၊ အကျယ်အဝန်း၊ မြေပုံ၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေး၊ သတ္တုတွင်း စသဖြင့် အချက် အလက်များကိုဆက်သွယ်ပေးပို့နိုင် ကြောင်း သိရသည်။