သင်္ကြန်လည် ကားအငှားဈေးကွက် နှုန်းမပြောင်း

0
518

လာမည့် သင်္ကြန်ရက်များအတွင်း သင်္ကြန်လည်ကား ဈေးကွက်တွင် ဈေး နှုန်းပြောင်းလဲမှုမရှိဘဲ ယမန်နှစ် နှုန်း ထားအတိုင်းသာ ရှိကြောင်း ကားအငှား လိုက်သည့် ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဒေသတွင်သင်္ကြန် အတွင်း လည်ပတ်ရန် ကားသေး (Hi Jet) များ ကိုအဓိကထား ငှားရမ်းအသုံးပြုမှုများ သည်။
Hi Jet ကားဖြင့် သင်္ကြန်အကျနေ့ နှင့် သင်္ကြန်အတက်နေ့တွင် တစ်ရက် လျှင် ငွေကျပ် ၁ သိန်းနှုန်း ပေါက်ဈေး ရှိပြီးသင်္ကြန်အကြတ်နေ့တွင် ၁ သိန်း ၂သောင်းခန့် ပေါက်ဈေးရှိကြောင်း Hi Jet အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးသားသားက ဆိုသည်။

“ဈေးကတော့ မတက်ဘူး၊ အရင် နှစ်ကလည်း ဒီဈေးပါပဲ” ဟု ဦးသား သားက ပြောသည်။နယ်ဘက်မှ သင်္ကြန်လည်ပတ်သူ အချို့ကမူ Hi Jet ကားထက်ကြီးသည့် Town Ace ကားကို ငှားရမ်းမှုများလည်း ရှိကြောင်း ၎င်းက ဆိုသည်။ ” သင်္ကြန်အတွင်း သုံးရက်ဆက် တိုက် ငှားမယ်ဆိုရင်တော့ ဈေးလျှော့ပေး တာတွေ ရှိတာပေါ့ ” ဟု ထားဝယ်မြို့မှ Town Ace အငှားယာဉ် မောင်းနှင်သူ ဦးထွန်းနိုင်က ပြောသည်။

မနက်ပိုင်း (သို့) ညနေပိုင်း နေ့ တစ်ဝက်ငှားရမ်းခမှာမူ ငွေကျပ် ၆ သောင်း ခန့်ပေါက်ဈေးရှိကြောင်း ၎င်းက ဆိုသည်။ကားသေး( Hi Jet ) ကားငှားရမ်းခ နှင့် သုံးဘီးငှားရမ်းခမှာ ဈေးကွာခြားမှု အနည်းငယ်သာရှိသဖြင့် သုံးဘီး ငှား ရမ်းသူ နည်းပါး လာကြောင်း ထား ဝယ်မြို့ တော်ဝင်ဂိတ်(သုံးဘီးဂိတ်)တွင် ဂိတ်ထိုးလေ့ရှိသည့် သုံးဘီးယာဉ်မောင်း တစ်ဦးက ပြောသည်။