လျှပ်စစ်ကိစ္စ စေတနာ မရောက်သေးခြင်း သာ ဖြစ်သည်

0
469

မြို့တော်ရန်ကုန်တွင် မီတာခ အဖျားတက်နေကြသည်။ လက်ရှိ တစ်ယူနစ် (အနည်းဆုံး) ကျပ် ၃၅ ကို သုံးဆ တိုးကောက်ရန် အစီအစဉ်ကြောင့် ဖြစ်သည်။ထိုသတင်း မမှန်ကြောင်း မည်သို့ပင်ငြင်းဆိုစေကာမူ အစိုးရတွင် တိုးကောက် ရန် အစီအစဉ်ရှိနှင့်ပြီး ဖြစ်သည်။ မည်သို့မည်ပုံ တိုးကောက်မည်ဆိုသည့် လုပ် နည်း လုပ်ဟန်သာ ကွာသွားမည် ဖြစ်သည်။

 
ထိုအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်းကြီး မျှော်တော်ယောင် နေရသည်။ ရန်ကုန်သားများ တစ်ယူနစ် ၃၅ ကျပ်ဖြင့် ရနေခြင်း မှာ တနင်္သာရီမှ သဘာဓာတ်ငွေ့ ရခြင်းကြောင့်အပြင် ပြည်ထောင်စုအစိုးရ၏အရှုံးခံ စိုက်ထုတ်သုံးစွဲမှုကြောင့် ဖြစ်သည်။ ရန်ကုန်ကို အရှုံးခံ စိုက်ထုတ်ပေးချိန် တနင်္သာရီတိုင်းမှာ တစ်ယူနစ် ကျပ် ၃၀၀ ဖြင့် ကိုယ်ထူ ကိုယ်ထ လုပ်နေရသည်။
တနင်္သာရီတိုင်းကို မဟာဓာတ်အားလိုင်း မရောက်ခြင်းကြောင့် တစ်ယူနစ် ၃၅ ကျပ်ဖြင့် မရခြင်းဟု ဆိုကြသည်။ အမှန်တကယ်တော့ ထိုသည်လည်း အမှန် တရားစစ်စစ် မဟုတ်ပါ။

 
မဟာဓာတ်အားလိုင်းမလိုဘဲ တစ်ယူနစ် ၃၅ ကျပ် အမြန်ဆုံးရရန်မှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ စေတနာသာ ဖြစ်သည်။
ယင်းမှာ တနင်္သာရီတိုင်းတွင် လျှပ်စစ်ကိုယ်တိုင် ထုတ်ချိန်ကျသင့်သည့် တစ်ယူနစ်ခကို ရန်ကုန်နှင့် တပြေးညီဖြစ်သွားသည်အထိ ပြည်ထောင်စုအစိုးရအဖွဲ့က စိုက်ထုတ်ပေးရန် ဖြစ်သည်။

 
ဥပမာ အိမ်သုံးမီတာပုံးသို့အရောက် လျှပ်စစ်တစ်ယူနစ် ကျပ် ၂၀၀ ဖြင့်       ရမည်ဆိုပါက (တစ်ယူနစ် ၃၅ ကျပ်ဖြစ်ရန်) ပြည်ထောင်စုအစိုးရအဖွဲ့က တစ် ယူနစ် ၁၆၅ ကျပ် စိုက်ထုတ်ပေးရန် ဖြစ်သည်။သဘာဝဓာတ်ငွေ့မထွက်သော ရန်ကုန်တွင် အရှုံးခံ စိုက်ထုတ်ပေးနိုင်ပါလျက် သဘာဝဓာတ်ငွေ့ထွက်သော တနင်္သာရီတိုင်းတွင် အဘယ်ကြောင့် အရှုံးခံမစိုက် ထုတ်ပေးနိုင် ရပါသနည်း။

 
တကယ်တော့ မဟာဓာတ်အားလိုင်းလည်း ရောက်စရာမလိုပါ။ပြည်ထောင်စုအစိုးရအဖွဲ့၏ စေတနာရောက်ရန်သာ လိုပါသည်။