သတ္တုကုမ္ပဏီနှင့် ဒေသခံ နစ်နာကြေးကိစ္စ သဘောတူ

0
394

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာ အုပ်စု ယမုံကျေးရွာရှိ သတ္တုတူးဖော် လုပ်ငန်းများကြောင့် မြေယာများ ဆုံးရှုံး နစ်နာသူများအတွက် နစ်နာကြေးများ ထပ်ပေးရန် ရွှေပင်လယ်ကုမ္ပဏီဘက်မှ သဘောတူညီခဲ့ကြောင်း စုံစမ်းစစ်ဆေး ရေးခုံသမာဓိအဖွဲ့ဝင် ကျွန်းစုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုးလွင်ထံမှ သိရသည်။
သတ္တုတူးလုပ်ငန်းများကြောင့် ဆုံးရှုံးခဲ့ရသည့် တောင်သူများ၏ ဥယျာဉ်၊ ခြံ၊လယ်ယာများအတွက် ယခင်ပေး ချေထားသည့် နစ်နာကြေးများ နည်းပါး နေသည်ဟုဆိုကာ သင့်လျော်သည့် နစ်နာကြေးများ ထပ်မံရရှိအောင် တောင်သူ များ ၃၈ ဦးတို့မှ တိုင်ကြားထားကြောင်း ယမုံကျေးရွာနေ ဦးစိုးထွန်းထံမှသိရသည်။ ယင်းတိုင်ကြားချက်အရ နှစ်ဦးနှစ် ဖက်ပြေလည်အောင်ဖြေရှင်းပေးနိုင်ရန်အတွက် ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်နှင့် ဒေါက်တာထူးနေအောင်၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း(မြိတ်)၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ မြေစာရင်းဋ္ဌာနနှင့် ကျေး ရွာသားတချို့ပါဝင်သည့် စုံစမ်းစစ်ဆေး ရေးသမာဓိအဖွဲ့ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။

 
“ရွှေပင်လယ်ကုမ္ပဏီက သတ်မှတ် နှုန်းထားတွေကို ကျေနပ်လက်ခံတယ်”   ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုးလွင်က ပြောသည်။သတ္တုတူးဖော်ရေး ကုမ္ပဏီဘက်မှ ထပ်မံပေးအပ်ရမည့် နစ်နာကြေးများမှာ ဥယျာဉ်၊ ခြံ၊ လယ်ယာမြေပေါ်ရှိ အထွက် နှုန်းများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ဝန်း ကျင်ခန့်မှ ထွက်ရှိမည့် ပမာဏဖြင့် တွက်ချက်ပြီး တစ်နှစ်တာအတွက် ရရှိ မည့် တန်ဖိုးကို ၃ နှစ်ဖြင့် မြှောက်ကာ နစ်နာကြေးများ ထပ်မံပေးအပ်မည်ဖြစ် ကြောင်း ဦးတိုးလွင်က ပြောပြသည်။

 
သို့သော် တောင်သူများက ယခင်ရ ယူထားသည့် ငွေပမာဏကို နုတ်ယူပြီးမှ ကျန်ငွေများကို ရရှိမည်ဖြစ်သည်။
ငွေကမ္ဘာ ကုမ္ပဏီကမှု နစ်နာကြေး များ ထပ်မံပေးအပ်ရန် ကျေနပ်လက် ခံခြင်း ရှိ၊ မရှိကို ကုမ္ပဏီတာဝန်ရှိသူက ပိုင်ရှင်သို့ ပြန်လည် တင်ပြထားကြောင်း မြိတ်ခရိုင်သတ္တုလုပ်ငန်းရှင်များ အသင်း မှ သိရသည်။ရွှေပင်လယ်သတ္တုတူးဖော်ရေး ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိတောင်သူ ၆၄ ဦး မြေ ၁၇၅ ဧက ကျော်အတွက် ကျပ်သိန်း ၃၄၀ ကျော်ကို နစ်နာကြေးများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

 
” ခုထပ်တောင်းသူတွေက ၂၀၁၁ ခုနှစ်က နစ်နာကြေးရထားပြီးသူတွေပါ စာရင်းတွက်ချက်လို့ ပိုတာရှိရင် ထပ် ပေးသွားမယ်” ဟု ရွှေပင်လယ်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးစိုးရီက ပြောသည်။ရွှေပင်လယ်နှင့် ငွေကမ္ဘာကုမ္ပဏီ များမှ နစ်နာကြေးများ ပေးချေထားသည့် တောင်သူ ၁၇၇ ဦးအနက် လက်ရှိတွင် ၉၀ ဦးကျော်ကို တွေ့ဆုံခဲ့ပြီးဖြစ်ကာ ကျန် ၈၀ ဦးကျော်ကို ထပ်မံတွေ့ ဆုံရမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ခုံသမာဓိအဖွဲ့မှ သိရသည်။

 
တောင်သူများနှင့် ကုမ္ပဏီအကြား ညှိနှိုင်းအဆင်ပြေခဲ့သည့် နှုန်းထားများ ကို အစီရင်ခံစာတင်သွင်းသွားမည် ဖြစ် ကာ ယင်းအစီအရင်ခံစာတွင် တောင်သူ ဦးရေ၊ မြေဧကနှင့် ထပ်မံပေးအပ်ငွေ ပမာဏ စသည့်အချက်အလက်များ ပြည့်စုံ စွာ ပါရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်း အစီရင်ခံစာထွက်ရှိမှသာ လျှင်တောင်သူများအတွက် နစ်နာကြေး များ ထပ်မံရရှိမည်ဖြစ်သည်။