ထားဝယ်မြို့လယ်ကောင်တွင် စိတ်ကြွဆေးပြားထောင်ချီမိ

0
389

ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံ မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက စိတ်ကြွဆေးပြား ၄၀၀၀ နီးပါး ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ကရပ်ပြင် လမ်းဆုံအနီးတွင် အနက်ရောင် AIR-WAVE အမျိုး အစား အနက်ရောင်ကားကို ယာဉ်လိုင် စင် စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၃၉၆၄ ပြား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ကော့သောင်းမြို့ ရွှေမင်းဝံရပ်ကွက် နေ အသက် ၂၉ နှစ်အရွယ် အမျိုးသား မောင်းနှင်လာသည့် အဆိုပါကားကို ယာဉ်ထိန်းတပ်ဖွဲ့က လိုင်စင်စစ်ဆေးရာ ယင်းအမျိုးသားက မီးပွိုင့်လမ်းဆုံအနီး သီတာလမ်းသွယ် (၁) အတွင်း စိတ်ကြွ ဆေးပြားများထည့်ထားသည့် အထုပ်ကို ပစ်ချထားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပစ်ချထားခဲ့သည့် ပလပ်စတစ် အနီရောင်အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် ၁၉၈၂၀၀၀၀ တန်ဖိုးရှိ စိတ်ကြွ ဆေးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။