မွန်ပြည်သစ်နှင့် တပ်မတော်ကြား လတ်တလော စစ်ရေးတင်းမာနေမှုကို လျော့ချဖွယ်ရ

0
533

မွန်ပြည်သစ်ပါတီနှင့် အစိုးရ တပ်မတော်တို့အကြား လက်ရှိ စစ်ရေး တင်းမာနေမှု လျော့ချဖွယ်ရှိသည်ဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။
နှစ်ဘက် စစ်ရေးတင်းမာလာသည့် အခြေအနေကြောင့် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း ဦးဆောင်သောအဖွဲ့နှင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဦးဆောင် သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးအပြီးတွင် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ ဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် မွန်ပြည်သစ် ပါတီဘက်က မွန်အမျိုးသားနေ့တွင် စစ်ရေးပြနှင့် ပတ်သက်ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေလိုသည့် သဘောဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ အစဉ်အလာအတိုင်းလုပ်ခြင်းသာ ဖြစ် သည်ဟု တပ်မတော်အား ရှင်းပြခဲ့ကြောင်း နိုင်ဝင်းလှက ပြောသည်။

” ဒီနေ့ တွေ့ဆုံမှုက လတ်တလော ဖြစ်နေတဲ့ စစ်ရေးတင်းမာမှု အခြေအနေ ကနေလျော့သွားဖို့တော့ ရှိမယ်” ဟု ၎င်းက ပြောသည်။၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် စစ်ရေးပြအစီအစဉ် မပြုလုပ်ရန် တပ်မတော်ဘက်က တား မြစ်ထားသည်ကို မွန်ပြည်သစ်ပါတီက ငြင်းပယ်ခဲ့သည့်အတွက် နှစ်ဘက်တင်း မာသည့်အခြေအနေ ဖြစ်လာခဲ့သည်။

ယင်းနောက်တွင် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကား လမ်းပေါ်ရှိမွန်ပြည်သစ်ပါတီ အကောက် ခွန် ဂိတ်စခန်း ၂ ခုဖြစ်သည့် ဘုရားတောင် ဂိတ်နှင့် ဇီးနှစ်ပင်ဂိတ်တို့ကိုလည်း ဖယ် ရှားပေးခဲ့ရသည်။မွန်ပြည်သစ်ပါတီနှင့် အစိုးရ တပ်မတော်တို့အကြား စစ်ရေးပြင်ဆင် နေကြသည့်အနေအထားကြောင့် ဘုရား သုံးဆူမြို့နယ်ဂျပန်ရေတွင်းနှင့် ကြံတော ကျေးရွာမှ ဒေသခံများ ထိုင်းနိုင်ငံနယ်မြေ ဘက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်နေရမှု လည်း ရှိသည်။

လက်ရှိအနေအထားအရ နှစ် ဘက်တွေ့ဆုံ ဆွေးနွေးမှုရှိခဲ့သော်လည်း အစိုးရတပ်မတော်ဘက်က အင်အားတိုး ချဲ့ နေရာယူမှု ရှိနေသေးသည့်အတွက် အခြေအနေ စောင့်ကြည့်နေရမည် အနေ အထားဟု ဒေသခံများက ပြောသည်။မွန်ပြည်သစ်ပါတီသည် အပစ် အခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်း အစိုးရတပ်နှင့် ပစ်ခတ် တိုက်ခိုက်မှု မရှိရာမှ ယနေ့အခြေ အနေသည် အတင်းမာဆုံးအနေအထား ရောက်ရှိနေသည်ဟု မွန်ပြည်သစ် ပါတီတာဝန်ရှိသူတို့က ပြောသည်။